[Unicode]
༒࿙မောင့်ရဲ့ ရွှေကြာ࿚༒
"အာ့"
"သိပ်တော့ကွဲမသွားဘူး~ဆေးပုံမှန်ထည့်ရင်ရပြီ"
ထယ်ယောင်းက ဆေးဂွမ်းအား ဘေးကပုံးထဲလွှတ်ပစ်လို့ ဆေးစာရွက်တစ်ရွက်အားရေးရင်း ပြောလိုက်တယ်။ အဲ့နောက်သူက ကောင်လေးအားတစ်ချက်မျက်ခုံးပင့်ကြည့်လိုါ
"ဒါနဲ့မင်းက မနေ့က~"
"ဟို- - ဟို ကျ- -ကျွန်တော်အရေးကြီးကိစ္စရှိလို့ပြန် --ပြန်လိုက်ပါဦးမယ် ~"
"ဟမ်! ဟိတ်ဒီမှာဆေးစာရွက်?"
သူ့စကားတောင် မပြီးလိုက် ချက်ချင်းေကာက်ခါနင်ကာထပြေးသွားတဲ့ကောင်လေးကြောင့် ထယ်ယောင်းခင်ဗျာ မတ်တပ်ကြီးရပ်လို့ ဆေးစာရွက်ကြီးအားကိုင်ထားကာ ကြောင်တောင်တောင်ဖြစ်သွားတယ်။
"အော ထယ်ယောင်း ဘာဖြစ်လို့လဲ~ ခုနက မင်းလူနာ အသည်းအသန်ပြေးသွားတာ တွေ့လိုက်တယ်။ အမ်းး မင်းဘာတွေငေါက်လိုက်ပြန်ပြီလဲ~"
"ငါ~"
"ငါ သိတယ် ငါသိတယ် မင်းဟာလေ လူနာတွေဆို အော်လိုက်ရမှ ၊ ခုကော ဘာလဲ ဆေးပုံမှန်မသောက်လို့လား"
"ರ_ರ"
"ဘာလဲ ဘာအကြည့်ကြီးလည်း မဟုတ်ဘူးလား"
"ကျစ် အဲ့တာလူနာမဟုတ်ဘူး မင်းမနေ့က မင်းပို့လိုက်တဲ့ဟာလေ~"
ထယ်ယောင်းက တစ်ချက်ကျစ်သက်လို့ ဆေးစာရွက်အား လုံးချေပလိုက်သည်။ တစ်ဖက်က ဂျီမင်းမှာတော့ ထယ်ယောင်းစကားကြောင့် သူ့ဘာသာသူလက်ညိုးပြန်ထိုးလျက်
"ငါပို့လိုက်တာ??"
"အေး~"
"ဘာကို?"
"နေပါဦး ငါ့လူနာထဲ ဒီတစ်ယောက်ကိုမမြင်မိပါဘူး?? ၊ဟမ်း.... ဘယ်သူများပါလိမ့်~~"
ဂျီမင်းသည် မေးစေ့အား လက်ဖြင့်ကိုင်လို့ မျက်ခုံးအားကျုံ့ကာစဉ်းစားသည်။
ထိုအရာကြောင့် ထယ်ယောင်းက ခေါင်းသာခါရမ်းလိုက်ရင်း"မနေ့က ငါဆေးမိလို့မင်းပို့လိုက်တဲ့လူလေ~"
"ဆေးမိလို့ငါပို့တာ ။ ဟမ် နေပါဦး။ ငါပို့တာ ကောင်မလေးပါ"
