Part _5

884 115 23
                                    

[Unicode]

༒࿙မောင့်ရဲ့ ရွှေကြာ࿚༒

"ဧည့်သည် ဘာပြဿနာရှိလို့လည်းမသိဘူး~"

ဘော့စ်ဆိုတဲ့ ခပ်၀၀နဲ့လူကြီးက ထယ်ယောင်းကို သူ့ရုံးခန်းထဲ ထိုင်ခိုင်းပြီး စတင်မေးလာသည်။

"အင်း ဟိုကောင်လေးကို ၀ယ်ချင်လို့"

ဂရုမစိုက်စွာပင် ခပ်လျှောလျှော ခြေချိတ်ထိုင်နေရင်းမှ သူ့ဘက် တစ်ချက် မျက်ခုံးပင့်ပြကာ ပြောလာသူကြောင့် ဂျောင်ဂုမျက်၀န်းတွေဟာ ဝိုင်းကနဲ၊ အံ့ဩမှုကြောင့် ဖွင့်ဟသွားတဲ့ နှုက်ခမ်းတွေဟာ တစ်ဆက်တက်တုန်ယင်လာသည်။အခု သူ့ကို ကစားစရာ သက်မဲ့ အရုပ်တစ်ခုလိုသဘောထားနေကြတာလား ၊

အလိုမတူမှုနှင့်အတူ ဂျောင်ဂုဟာ ပြောဖို့ ဟန်ပြင်လိုက်တော့ ချက်ချင်းပင် ဟန့်တားလာသူက ဂန်ဒူရှစ်၊ ထိုသူက သူ့လက်ကောက်၀တ်အား စုပ်ကိုင်ထားရင်းမှ

"ကျွန်တော် သူ့ကို လိုအပ်တာလေးတွေမှာလိုက်ချင်လို့ ခွင့်ပြုပါဦး"

သူဌေးဖြစ်သူထံ တစ်ချက် ခွင့်တောင်းရင်း ဟန်ပါပါထွက်သွားတဲ့သူနောက် ယန့်ကန်ယန့်ကန်နဲ့ ဂျောင်ဂုဟာလည်း ပါသွားလေသည်။

"ဘယ်လိုလည်း "

"ကျွန်တော်တို့က လူအရောင်းအ‌၀ယ်..."

"ဘယ်လောက်လိုချင်လည်းသာ ရေးလိုက်"

အဆီတွေရစ်သီနေနဲ့ မျက်နှာ‌ေဖာ‌ေဖာလူကြီးရှေ့ ရောက်လာတဲ့ ချက်လက်မှတ်တစ်ခု၊ ချက်ချင်းပင် ပြုံးရွှင်သွားတဲ့ ထိုလူက သူ့ရဲ့မျက်လုံတွေအား ပျောက်ကွယ်သွားသည်အထိကို ပြုံးရယ်လာသည်။

"ဟဟ.... ဒီက သူဌေးသားလေးက ဒီကောင်လေးကို  ဘာလို့များ အရမ်းကို လိုချင်နတာပါလိမ့်"

သူ့ဘာသူပြောနေဟန်ပုံစံနဲ့ စကားတောက်လာတဲ့ ထိူလူကြီးက ချက်လက်မှတ်က သုညဂဏာန်းတွေကိုလည်းအရေးမပျက်

"အိုးစားမကွဲချင်ရင် မစပ်စူတာကောင်းမယ်ထင်တယ်!"

ထယ်ယောင်းက စိတ်ပျက်စွာ တစ်ချက်ညီးညူလိုက်ရင်း လက်ထဲ ဆော့ကစား‌ေနတဲ့ ချက်လက်မှတ်စာအုပ်တစ်ခုနဲ့အတူ ထယ်ယောင်းက ထိုလူကြီး ပါးတစ်ဖက်အား ခပ်စစ ရိုက်ခဲ့လို့ ထိုမှထထွက်လာခဲ့သည်။

~မောင့်ရဲ့ ရွှေကြာ~Where stories live. Discover now