[Unicode]
༒࿙မောင့်ရဲ့ ရွှေကြာ࿚༒
" ညဉ့်ငှက်တစ်ယောက်လောက် "
"ခင်ဗျားပဲလား~ ဒီတစ်ခါဘယ်သူ့အတွက်လဲ"
ဒူရှစ်သည် အရှေ့က လူအား ကြည့်ကာ ခပ်ရွှဲ့ရွှဲ့ဆိုသည်။ ဂျောင်ဂုကိုတော့ သူ့နားက ထွက်သွားခိုင်းကာ အခန်းထဲ၌ နေေစသည်။
"ဟက် ဒီတစ်ခါက ကိုယ့် အချစ်ဆံုးသူငယ်ချင်းလေးအတွက်"
မဲ့ရွဲ့ကာ ဆိုလာသူအား ဒူရှစ် ထပ်မမေးတော့။ ထိုလူသည် ဒီဆိုင်ကို လာသည်မှာ ခဏခဏ။ တစ်ခုခုကို ရှာသလိုနဲ့ အချိန်တန် အရက်သောက်၊ သူ့အား ပွတ်သီးပွတ်သပ်လုပ် ပြီးရင်ပြန်သွားတက်သည်။ အစက ထိုလူအား ငမွဲငတေဟုသူထင်ခဲ့သည်။ သို့သော် သူအထင်အမြင်သည် တက်တက်စင်အောင်လွှဲခဲ့သည်။ ထိုလူက top 2 companyရဲ့ သားကြီးတဲ့လေ ။
" လာ ကြည့် ။ ဒီတစ်ခါဘာမှမရွေးဘဲ လစ်လို့ကတော့ ခင်ဗျားကို ရာသက်ပန်ဒီကို မလာဖို့ပြောရလိမ့်မယ်"
ဒူရှစ်ရဲ့စကားအား ထိုလူသည် ပခုံးနှစ်ဖတ်သာ ပင့်ပြသည် ။ မကြာပါ ထို သူဉေးသားသည် ဒူရှစ်နောက်လိုက်ကာ အရင်လို လူရွေးဖို့ လုပ်သည်။
မိတ်ကပ်အလိမ်းလိမ်း ချယ်သထားတဲ့ မျက်နှာတွေအား ထိုသူဉေးသားသည် မထွီတထီ (ရွံ့ရှာစွာ) ကြည့်နေချိန် သူ့မျက်စိထဲ၀င်လာတဲ့ ဖြူဖြူဖောင်းဖောင်းလေး တစ်ယောက် ၊ အဲ့နောက်သူသည် တစ်ချက်ပြုံးသည်။ ထိုအပြုံးကို မြင်လိုက်ရတဲ့ ပျိုမေမလေးတို့အတွက် ထိုအပြုံးသည် ရင်ခုန်စရာအတိ။ သို့သော်် ထိုအပြုံးရဲ့နောက်ကွယ်က နာကျည်းချက်များကို မည်သူမှသိလိမ့်မည်မဟုတ်ချေ။ ထိုအပြုံးဟာ ခါးသွန်းလှပါသည်ဆိုတာ။
# ထယ်ယောင်း ကက်မ်ထယ်ယောင်း ငါမင်းကို မေကျနပ်ပင်မယ့် မင်းအတွက် အလှလေးတော့ ငါရွေးပေးပါ့မယ်လေ ဟွန်း၊ ဒါမှ ရေရှည်ခံမှာပေါ့ဟက် ****
ထိုသူထံမှ အပ်ရှရှရယ်သံတစ်ခု ထွက်လာပြီးတဲ့နောက် ထိုသူဉေးသားသည်
ဂျောင်ဂုဆိုသည့် ကဒ်လေး ဆွဲထားတဲ့ကောင်လေးအား ရွေးသွားခဲ့သည်။
