༒࿙မောင့်ရဲ့ ရွှေကြာ࿚༒
"ကောင်လေး ဘာလာလုပ်တာလဲ"ဘားတစ်ခုရှိ ကောင်တာတစ်ခုမှာ ရပ်နေတဲ့ အူကြောင်ကြောင်ကောင်လေးအား ဒူရှစ်မေးလိုက်သည် ။ ဒူရှစ်ဆိုတဲ့သူသည် ညဉ့်ငှက်တို့ရဲ့ဘုရင် တိုအသိုင်းအဝိုင်းရဲ့ခေါင်းဆောင်
"ကျွန် ကျွန်တော့်ကို မစ္စတာလူ လွတ်လိုက်လို့ပါ "
"လူက?"
ထိုအခါ ဒူရှစ်သည်ခေါင်းတစ်ညိမ့်ညိမ့်နဲ့ ၊
"ကောင်းပြီ၊ သူငါ့ကို အကုန်ပြောပြီးသား၊ ဒါနဲ့ မင်းကြည့်ရတာငယ်မယ့်ပုံဘဲ အသက်ဘယ်လောက်လဲ"
ဆေးလိပ်အား တစ်ချက်မီးညိုကာမေးလာသူ
"နှစ် နှစ်ဆယ်ပါ"
"နှစ်ဆယ်? "
သူမယုံနိုင်စွာမေးခွန်းထုတ်လျှင် ရှေ့ကကောင်လေးသည် ခေါင်းအား ငုံ့လျက်သာ ၊ ဒီကို အကြောင်းမျိုးကြောင့် လူအတော်များရောက်လာကာ သူတို့ဘ၀အားပေးဆပ်ကြသည်၊ မျိုးစုံသော လူ့စရိုက်တွေအား သူကြုံဖူးသော်လည်း ယခုလို ကလေးသာသာ ကောင်လေးကိုတော့ သူမြင်ဖူးတာ ဒါပထမဆုံးပင်။
"ကောင်လေး မင်းဒါကို လုပ်ဖို့သေချာလား ၊ ဒီဘ၀ထဲ၀င်ရင် ဘယ်အရာကမှ မင်းကို နာမည်ကောင်း ဖော်ပေးနိုင်မှာမဟုတ်တော့ဘူးနော်..."
ခပ်တုံးတုံး စကားအားသူဆိုသည်၊ "နာမည်ပျက်" အင်း ဒီထက်ဆိုးတာဘာရှိဦးမည်လဲ၊ ထောင်ထွက်ကမှ "ညဉ့်ငှက်"ဆိုတဲ့နာမည်ထက် ပိုသာဦးမည်၊ ဒါက သူကြုံတွေ့ခဲ့ရတဲ့ ဘ၀နဲ့နှိုင်းပြီး ပြောတာပင်၊ အထက်တန်း အမှတ်ကောင်း"နဲ့ သူအောင်ခဲ့တာတောင် အမေဖြစ်သူက လုံး၀လက်မခံပေးနိုင်ခဲ့တဲ့ သူ့အဖို့ ထို ညဉ့်ငှက်အသိုင်းအဝိုင်းတွင် ထက်မြတ်သူ ၊ ပါးနပ်သူတစ်ဦးဖြစ်ခဲ့ရသည်၊ တန်ပါတယ် အနည်းဆုံးတော့ သူက တန်ဖိုးကြီးထဲက တစ်ခုဘဲ မဟုတ်လား
ယခုထိ သူ့ရှေ့က ကောင်လေးကတော့ လက်နှစ်ဖတ်အား ကျစ်ကျစ်ဆုတ်ကာ ဖြေဖို့ခတ်ခဲနေပုံ
"သေ သေချာပါတယ်"
#ကျွန်တော့်မှာ ရွေးချယ်စရာမှ မရှိတော့ဘဲ