[Unicode]
༒࿙မောင့်ရဲ့ ရွှေကြာ࿚༒
"ဟုတ်ပြီ! ပထမဆုံး မင်းမနက်ဖြန်ဆေးသွားစစ်ရမယ်...ပြီးတော့ သုံးနှစ်ဆိုတော့ အတွေ့အကြုံတော့အတော်ရှိမှာပဲ..."
"ဗျာ~"
အလုပ်သက်တမ်း သုံးနှစ်ဆိုကာ ရုတ်တရပ်ကြီးထပြောလာတဲ့ ဒေါက်တာ့စကားကြောင့်ဂျောင်ဂုမှာ ယောင်ယောင်မှားမှား၊ သို့သော် ပြန်လည်းမပြောရဲ၊ သူက နဂိုတည်းက စကားပြောရင် မပွင့်မလင်းသူမို့ ပြောမယ့်စကားတွေက သူ့စိတ်ထဲတွင်သာ တန်းစီနေခဲ့နေလေသည်။
"ထားပါ... အရင်ဆုံး ဆေးစစ်ရမယ်၊ ပြီးရင် တိုက်ခန်း! အခု မင်းက ဘယ်မှာနေတာလည်း"
ထယ်ယောင်းက မျက်မှန်အားပင့်ကာမေးတော့ သူ့ရှေ့ခပ်ကုပ်ကုပ်ထိုင်နေတဲ့ကောင်လေးက စကားကို မပွင့်တပွင့်ပြောလာလေသည်။ တကယ်ကို အူကြောင်ကြားသာသာပင်။
"ဟို အီထာ၀န်းရက်ကွက်မှာနေတာပါ"
"အော်"
ဂျောင်ဂုရဲ့အဖြေကို ထယ်ယောင်းက ခေါင်းတငြိမ့်ငြိမ့်လုပ်နေရင်းမှ
" အဲ့ဘက်ရက်ကွက်က လူတော့ရူပ်တယ်နော် ငှားနေတာလား"
"ဟုတ် "
"ဟုတ်ပြီ ကိုယ် တိုက်ခန်းတစ်ခု ပေးမယ်! ဖြစ်နိုင်ရင် အခု ကိုယ်ပေးမယ့် တိုက်ကို အမြန်ရွှေ့စေချင်တယ်~ ကျန်တဲ့လိုအပ်တာတွေ မင်းပြင်ဆင်ထားပါ"
ခပ်အေးအေးပဲ တိုက်ခန်းပေးမယ်လို့ ပြောနေတဲ့ ဒေါက်တာကြောင့် ဂျောင်ဂုက မျက်စီတွေပြူးကုန်သည်။ သူက တိုက်ခန်းဖိုး မတက်နိုင်ဘူးလေ။
"ဟို တိုက်ခန်းကလေ ကျွန်တော် နေဖို့...ဟိုဟာ ပိုက်ဆံ အဲ့လောက်မရှိ... မဟုတ် မတက်နိုင်ဘူး.. အဲ့ တာ"
ဂျောင်ဂုက သူ့လက်တွေအား စုပ်ကာဖြန့်ကာနဲ့ခေါင်းငုံ့လိုက် ထယ်ယောင်းကိုကြည့်လိုက်ပြောနေရင်း အဆုံးသတ်မှာ မျက်လုံးချင်းစုံမိတဲ့အခါ အယောင်ယောင်နဲ့ မျက်နှာငုံ့ချမိသူက ဂျောင်ဂုသာ..... ဒုက္ခပဲ သူအရမ်းေတွကြောက်ပြီး ရင်တွေမတရားခုန်နေတယ်။ ဒီစာချုပ်ဆိုတာကြီးက မပြီးသေးဘူးလား။