Polaroid Blessings 1

596 20 9
                                    


မြစ်ကမ်းနံဘေးရှိ ငွေရောင်တဖိတ်ဖိတ်တောက်ပ‌နေသော သဲသောင်ပြင်ပေါ်၌ ကလေးတစ်ချို့ပြေးလွှားဆော့ကစားလျက်ရှိကြသည်။ နေဝင်ရီတရောဆည်းဆာချိန်ပေမို့ အရောင်မျိုးစုံတို့သည် ကောင်းကင်ဝေဟင်၌ရော မြစ်ရေပြင်ထက်မှာပါ ကွန့်ဝေထွေလေလျက်ရှိသည်။ နုနုနယ်နယ်အရွယ်လေးတွေသည် သဲသောင်ပြင်တစ်လျှောက်ဟိုဟိုဒီဒီ နှံ့စပ်စွာပင် ပျော်ရွင်မြူးထူးစွာ ဆော့ကစားနေကြပါသည်။ ပုဇွန်ဆီရောင်သန်းနေသည့် လောကတစ်ခွင်အောက်မှာ ကလေးတစ်စု၏ရယ်သံလွင်လွင်တို့သည် တောက်ရွှန်းလှပလျက်ရှိပါသည်။

အချိန်တစ်ခုခန့်ကြာပြီးနောက် အနားယူအမောဖြေရန် ကလေးတစ်စုတို့သည် ထိုမြစ်ကမ်းဘေးနှင့် မနီးမဝေးမှာရှိသည့် သစ်ပင်ကြီးတစ်ပင်အောက်သို့ ဝင်ရောက်နားခိုအပန်းဖြေကြသည်။

ပန်းချီကားတစ်ချပ်လိုလှပသည့် သူတို့မြို့လေး၏အလှသည် သစ်ပင်အောက်မှထိုင်ပြီး မိုးကုတ်စက်ဝိုင်းကြီးကို ငေးရီကြည့်လိုက်သည်နှင့် ဘဝအမောမှန်သမျှပြေပျောက်‌စေမှာပင်။ မြို့ပြင်မှာရှိသည့်နေရာငယ်လေးတစ်‌နေရာ‌ပေမို့ မြို့ပြရဲ့ ဆူဆူညံညံအသံဗလံတွေရန်မှ ကင်းဝေးသောကြောင့် အင်မတန်အေးချမ်းလှပါသည်။

အပင်ကြီးအောက်၌ထိုင်အပန်း‌ဖြေရင်း ကလေးသဘာဝ ရောက်တတ်ရာရာ စကားတွေကိုလည်း ထွေရာလေးပါးပြောနေကြပြန်သေးသည်။

"သူငယ်ချင်းတို့ ငါလေ အခုတလော ဒီkimစံအိမ်ကြီးနဲ့ ပတ်သက်ပြီးတော့ ပုံပြင်တစ်ပုဒ်ကြားထားတယ် နားထောင်ချင်ကြလား"

ဆံပင်နှစ်ဖက်ကို ခွဲဖြာစုစည်းထားသည့် ကလေးမလေးမှစကားစလာတော့ တခြားကလေးတွေကလည်း နားထောင်ရန်အဆင်သင့်ရှိသည့်အလား ခေါင်းသွင်သွင်ငြိမ့်ကြလေသည်။ အနှီဆံပင်နှစ်ဖက်စည်းထားသော ကလေးမလေးသည် မက်မွန်သီးကဲ့သို့ပါးဖောင်းဖောင်းလုံးလုံးလေးတွေနှင့် နှုတ်ခမ်းထူထူတို့ရှိကာ ထိုနှုတ်ခမ်းထူထူတို့၏ပိုင်ရှင်လေးသည် တစ်နေ့တစ်မျိုးမရိုးသည့် ဖြစ်ရပ်မှန်လိုလို ပါးစပ်ပြောပုံပြင်လိုလို ဇာတ်လမ်းတို့အား ဆောင်ကျဉ်းလာတတ်သည့်အတွက် ဤကလေးအုပ်စု၏ ပုံပြင်ပြောဆရာမကြီးလိုတောင် ဖြစ်နေချေလေပြီ။

Polaroid Blessings(Chaesoo) Where stories live. Discover now