Suggested song: past lives by Sapient dream______________________
သူမရဲ့ အသက်သွေးကြောဖြစ်တဲ့ တယောညိုတွေ ရှိရာဆီ လတ်ဆတ်သောနှလုံးသားနှင့်အတူဦးတည်နေသည်။ သူမရဲ့သွေးကြောထဲမှာ သွေးတွေအစား တယောသံစဉ်တွေစီးဆင်းနေတယ်လို့ သူမယုံကြည်တယ်။ တစ်ခါတစ်ရံမှာဆိုရင် သူမက တူရိယာခန်းထဲက တယောညိုတစ်လက်ကိုယူပြီး ဘယ်သူမှမသိအောင် တိတ်တိတ်လေး တယောထိုးနေတတ်တယ်။မွေးကတည်းကတိုင်သစ္စာမပျက်စွာမြတ်နိုးမိသည့် ဖြစ်တည်မှုတွေသည် ဤတယောညိုတွေပါပင်။
နေကြာတွေနည်းတူ တယောတွေကိုလည်း သူမချစ်မြတ်နိုးရတယ်လေ။ခြေသံဖွနင်းလာဖြင့် တူရိယာခန်းဆီ ဦးတည်သည့် သူမရဲ့ခြေသံကို မည်သူတစ်ဦးတစ်ယောက်မျှကြားရလိမ့်မည်မထင်။ မျက်လုံးကြည်လဲ့လဲ့လေးတို့သည် ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ဝဲပြီး လူအရိပ်အခြည်ကြည့်သည်။ လေပြရူးကြောင့် ယိမ်းထိုးနေတဲ့ နေကြာတွေမှအပ အခြားအရိပ်အယောင်မတွေ့ရ။
အားလုံးစိတ်ချရပြီဆိုတဲ့အချိန်ကျမှ တူရိယာခန်းထဲကို သူမစိတ်အေးလက်လေးခြေချလိုက်ပါသည်။ နှလုံးသားဟာ နှစ်ပေါင်းများစွာဝေးကွာနေရတဲ့ လုံခြု့ရာရပ်ဝန်းငယ်လေးကို တစ်ဖန်ပြန်လည်ခြေချလိုက်သလိုမျိုး အေးချမ်းချိုမြတဲ့ လှိုင်းတံပိုးလေးတွေ ရင်ထဲရိုက်ခတ်လာသည်။
တူရိယာခန်းထဲမှာ အခြားသောတူရိယာတွေအမျိုးမျိုးအစားစားရှိသော်ငြား သူမအာရုံထဲမှာ တယောတစ်လက်သာနေရာယူပါသည်။ ဒီတယောလေးကို သူမသံယောဇဉ်ဖြစ်မိ၏။ ဘာလို့ဆို ဘယ်သူမှမသိအောင် သံစဉ်တွေကို တိတ်တခိုးဖန်ဆင်းခဲ့စဉ်အခါတုန်းက ဒီတယောညိုလေးနဲ့အတူ ဖန်ဆင်းခဲ့သည်မို့လို့ပင်။ ဒီတယောလေးတစ်လက်အပေါ်ကိုတောင် သံယောဇဉ်တွေကြီးမားနေခဲ့တာ..…
ချစ်ရသော ဖြစ်တည်မှုသာဆိုရင် ကဗျာအင်္လကာတွေ ဖွဲ့နွဲ့လို့ မှီနိုင်လိမ့်မည်မဟုတ်ချေ။တယောကို အသာအယာမယူလို့ ပခုံးပေါ်တင်လိုက်တယ်။ သူမစိတ်တွေလှုပ်ရှားနေတုန်းပဲ။ မည်သူတစ်ဦးတစ်ယောက်ကမှ သူမကို တယောထိုးတတ်ရန်သင်ပေးခဲ့သည်မဟုတ်။ သူမဘာသာ သင်ယူတတ်မြောက်လာခြင်းသာ။
YOU ARE READING
Polaroid Blessings(Chaesoo)
Fanfictionသိပ်လှတဲ့အရာတွေမှာ အသက်ဓာတ်ကို ညှို့ယူနိုင်တဲ့အစွမ်းရှိသတဲ့။ ဥမမာဆိုရရင် သူမရဲ့ အပြုံးညိုတွေ.....။