Polaroid Blessings 6

118 16 2
                                    

Mood song: Past lives by Sapient dream

_________🌻__________

"အဘွား!အဘွားဘာမှမဖြစ်ဘူးနော်"

သစ်လုံးတိုင်တို့ဖြင့် ကာထားသည့်အကျဉ်းထောင်ထဲမှာ အဘွားရဲ့မှိန်ဖျော့ဖျော့မျက်နှာလေးကို တွေ့သည်နှင့် အဘွားဆီအပြေးသွားမိပါသည်။ ကောက်ရိုးခြောက်တွေခင်းထားတဲ့မြေပြင်ပေါ်မှာအဘွားထိုင်နေရတာ အဆူးစူးရင်ဘယ်လိုလုပ်မလဲဟူ၍ တွေးပူမိသွားပါသည်။

"အဘွားအဆင်ပြေပါတယ် ချယ်"

"အဘွားကိုသူတို့ရိုက်ကြသေးလား"

ပြာလောင်ခတ်စွာ သူမမေးမိတော့အဘွားက အအေးချမ်းဆုံးပြုံးပြရင်း အသာအယာခေါင်းရမ်းပြပါတယ်။ ရင်ထဲခဲဆွဲခံရသလိုလေးလံမှုတို့သည် ချယ်မှုတ်ထုတ်လိုက်သည့် သက်ပြင်းရှည်မှာ ကပ်ငြိပါသွားကြသည်။

ဆုတောင်းတွေပြည့်ခဲ့လို့ တော်သေးတာပေါ့။
ဆွေမျိုးမတော်စပ်ပေမယ့် တွယ်တာစရာမိသားစုဆိုလို့ အဘွားပဲရှိတာ အဘွားသာတစ်ခုခုဖြစ်သွားခဲ့ရင် သူမကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်လိမ့်မည်မဟုတ်ပါ။

"ပတ်ချယ်ယောင်း!မင်းငါမေးတာကိုဖြေရမယ်"

နောက်ဘက်မှထွက်ပေါ်လာသည့် ခပ်ဩဩခပ်ရှရှလေသံတစ်ခု....။
ထိုလေသံမှာ အရှိန်အဝါတွေပြည့်နှက်လျှံထွက်လျက် ကြားသူတိုင်းကို ကြက်သီးမွေးညင်းထသွားစေသည့် စွမ်းပကားရှိနေသည်။

ချက်ချင်းဆိုသလို ချယ်လှည့်ကြည့်လိုက်တော့ ကြောက်ရွံခြင်းအလျင်းကင်းမဲ့တဲ့ချယ့်နီစွေးစွေးမျက်ဝန်းတစ်စုံက ရွှေအိုရောင်ဆံနွယ်ကြားကနေထွက်ပေါ်လာတယ်။

ချယ်ဟာ နူးညံ့တဲ့မိန်းမသားတစ်ယောက်ဆိုပေမယ့် အန္တရာယ်ပြုလာရင်တော့ ယောက်ျားသားတွေကို ကြောက်နေမှာမဟုတ်ဘူး။
ဒါဟာ ရွှေအိုရောင်ခြယ်မှုန်းသောနီညိုရောင်သတ္တိတွေပဲ။

စခန်းမှူးဥပတိရုပ်ရှိတဲ့ ထိုရဲသားက လိပ်ပြာမလုံသလိုခံစားစေရသည့် ချယ့်ရဲ့အကြည့်စူးစူးတွေကို မနှစ်မြို့တာမို့ တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်တယ်။

Polaroid Blessings(Chaesoo) Where stories live. Discover now