Suggested song: rhythm of the rain by cascades🌻__.___.___.___.___🎻
အိုကွယ်...... ဒီနေ့လည်းမိုးတွေအုံ့နေပြန်ပြီ။
ကင်မ်ဂျီဆူးဆိုသည့် အမျိုးသမီးနှင့်တွေ့သည့် ချယ့်ရဲ့နေ့တွေတိုင်းမှာ မိုးသားတိမ်စိုင်တွေပြည့်နှက်နေတော့တာပဲ။ လေပြည်သည်ငြိမ်ချက်သားကောင်းစွာ ငြိမ်သက်နေသည်။ မကြာခင်မှာအပြင်းလေးသွေးမလို့အရှိန်ယူနေတာနဲ့တူပါရဲ့။
ယမန်နေ့က ပန်းဆိုင်မှာတွေ့သည့်အခါတုန်းက ကင်မ်ဂျီဆူးမည်သည့် အမျိုးသမီးသည် ချယ့်အား ခင်မင်ချင်သဖြင့် အချိန်လေးများရှိခဲ့ရင် ကော်ဖီဆိုင်မှာ ထိုင်ကာ အေးအေးဆေးဆေးလေး စကားပြောချင်တယ်ဟု ဆိုလာသောကြောင့် ယခုချယ့်ရဲ့ခြေလှမ်းတွေသည် ကော်ဖီဆိုင်ရှိရာအရပ်ကို ဦးတည်နေရသည်။
ချယ့်နှလုံးသားရဲ့ ပျောက်ဆုံးသွားသည့်အစိတ်အပိုင်းတို့သည် နီစွေးစွေးနှုတ်ခမ်းထဲမှာကိန်းအောင်းနေတာ ဖြစ်ရမည်။
ဟယ်တော်.... ချယ်ဘာလို့ဒီလိုမျိုးတွေတွေးနေမိပါလိမ့်..?
ချယ်သည် ဒီနေ့ သူမရဲ့ထုံးစံအတိုင်းရွှေအိုရောင်ဆံနွယ်တို့အား တစ်ဝက်စည်းလာကာ အဖြူရောင်ဒူးဖုံးဂါဝန်ရှည်ကိုဝတ်ထားပါသည်။ ချယ်ကိုယ်တိုင်က ပုရိသအပေါင်းသမင်လည်ပြန်ငေးရလောက်အောင် လှသွေးကြွယ်သော်ငြား ကင်မ်မျိုးနွယ်အမျိုးသမီးကတော့ ချယ်သမင်လည်ပြန်ငေးကြည့်ချင်သည့် တစ်ဦးတည်းသော အမျိုးသမီးလေးဖြစ်လာပါသည်။
လောကတစ်ခွင် မိုးရိပ်ဆင်နေသော်ငြားရင်ထဲမှာ နေကြာတွေပွင့်နေသလို ဒီတအုံ့နွေးနွေးခံစားချက်ကို ဘာရယ်လို့များအမည်တပ်ရပါမလဲ?
ဂျီဆူးနဲ့တွေ့ရန်ချိန်းဆိုထားသည့် ကော်ဖီဆိုင်လေးရှေ့သို့ ချယ်ရဲ့ခြေလှမ်းတွေဆိုက်ရောက်လာခဲ့ပြီ။
ချယ်သည် ကော်ဖီဆိုင်ငယ်လေးအား တစ်ချက်ခြုံငုံကြည့်လိုက်ပါ၏။ အညိုရောင်လေးပါ့လား.....။ ကင်မ်ဂျီဆူးနဲ့တွေ့သည့်နေ့ရက်တွေတိုင်းမှာ မိုးရိပ်ဆင်နေသော ဝေဟင်ယံအပြင် အညိုရောင်တွေကပါအဖော်အဖြစ်ပါလာခဲ့ပြန်သည်။
YOU ARE READING
Polaroid Blessings(Chaesoo)
Fiksi Penggemarသိပ်လှတဲ့အရာတွေမှာ အသက်ဓာတ်ကို ညှို့ယူနိုင်တဲ့အစွမ်းရှိသတဲ့။ ဥမမာဆိုရရင် သူမရဲ့ အပြုံးညိုတွေ.....။