Mood song: isak Danielson -Always (slowed and reverb)
⁽⁽ଘ✧♡🌫️♡✧ଓ⁾⁾
"ချယ့်ကို ဆူးလွမ်းနေခဲ့တာ"
ဘယ်တုန်းကမှ ယခုလောက်နီးနီးကပ်ကပ် မရဖူးသည့် သူမရဲ့ကိုယ်ငွေ့နွေးနွေးလေးအား ကမ္ဘာနဲ့ချီလွမ်းနေခဲ့သလို ခံစားလိုက်ရသည်။
နှလုံးအိမ်ထဲကသွေးကြောမျှင်တွေထဲတွင် ဒီကိုယ်ငွေ့နွေးနွေးလေးတွေဟာ စမ်းချောင်းသဖွယ် ကြည်လင်စွာစီးဆင်းသည်။ ပထမဆုံးအကြိမ်ရလိုက်သည့် ချစ်ရသောဖြစ်တည်မှု၏ နူးညံ့လှသောအထိအတွေ့လေးမှာ ချယ့်ဝိညာဉ်သည် နက်နက်ရှိုင်းရှိုင်းပျော်ဝင်သွားသည်ထင်၏။"ချယ်ရောပဲ...."
အခုအချိန်မှာ ချယ်ကိုယ်ပေါ်ကိုလာရောက်တိုက်ခိုက်နေသော မိုးစက်တွေကိုလည်း မမှုတော့,ကင်မ်ဂျီဆူးနဲ့ချယ့်ကြားက သူစိမ်းလိုဆက်ဆံရေးကိုလည်း ချယ်သတိမရတော့။
ချယ့်ရင်တွင်းက စစ်မှန်သောအလွမ်းစကားတွေသည် အတားအဆီးမရှိပွင့်အံကျလာခဲ့ကြသည်။ ရင်ထဲကနေကြာပန်းတွေ မိုးရေအေးအေးလေးကြောင့် ပြန်လန်းလာတာမဟုတ်ဘဲ ကင်မ်ဂျီဆူးရဲ့ ကိုယ်ငွေ့နွေးနွေးလေးကြောင့် ပြန်လန်းလာခြင်းပါ။
သူမကို တင်းကျပ်စွာပွေ့ဖက်ထားတဲ့ ဂျီဆူးကိုချယ်လည်းထိုနည်းတူပဲ တင်းကျပ်စွာပြန်လည်ပွေ့ဖက်မိတယ်။
စက္ကန့်တိုင်းမှာ အသက်ကြီးလာတာကို မေ့ထားပစ်ချင်တဲ့အခိုက်အတန့်မို့ အဆက်မပြတ်သွန်းဖြိုးနေတဲ့ မိုးပုလဲစက်တွေကို ရပ်တန့်သွားစေချင်မိတယ်။
ဤအခိုက်အတန့်လေးကို ထာဝရကြာသည်ထိတိုင် လတ်ဆတ်စေချင်မိတယ်။ရင်ထဲကနေကြာတွေကိုလည်း တိမ်ယံတွေပေါ်ထိရောက်အောင် ကမ္ဘာအဆုံးထိပျိုးပစ်လိုက်ချင်တာမို့....မိုးစက်တွေကို ရပ်တန့်ပေးနိုင်လေမလား မိုးနတ်မင်းရယ်။
သေတစ်ဖန်ရာသက်ပန်ထိတိုင်အောင် မညှိုးနွမ်းမယ့် ရင်ထဲကနေကြာပန်းတွေကို ဒီအမျိုးသမီးလေးဆီ နေ့စဉ်ရက်ဆက်ခူးဆွတ်ပေးချင်သေးတာမို့
ဇရာမည်တဲ့ပျက်စီးခြင်းတရားကို ကျွန်မရဲ့အသွေးအသားတွေထဲ စိမ့်မဝင်ခိုင်းလိုက်ပါနဲ့။
YOU ARE READING
Polaroid Blessings(Chaesoo)
Fanfictionသိပ်လှတဲ့အရာတွေမှာ အသက်ဓာတ်ကို ညှို့ယူနိုင်တဲ့အစွမ်းရှိသတဲ့။ ဥမမာဆိုရရင် သူမရဲ့ အပြုံးညိုတွေ.....။