Mood song:Love Story by indilia
____________________
ပရိဘောဂရယ်လို့ရေရေရာရာမရှိတဲ့ အခန်းကျယ်ထဲ နေရာယူနေသည့်လေထုက အေးစက်ခြောက်ခြားဖွယ်ရာကောင်းလှသည်။ အခန်း၏ ထိပ်စွန်းနားရှိအပေါ်မျက်နှာကျက်နှင့် ကပ်လျက်ရှိနေသောပြတင်းကျဉ်းလေးမှ အပြင်ဘက်လမ်းမပေါ်သွားလာနေကြသော လူအထွေထွေ၏ ခြေလှမ်းတွေကို မြင်နေရသည်။ ထိုအချက်ကြောင့် ဤအေးစက်နေသောအခန်းငယ်သည် မြေအောက်ခန်းတစ်ခုဖြစ်သည်ဆိုတာ ပေါ်လွင်ထင်ရှားသွားပါ၏။
လန်ချားသံတွေ ကားသံတွေ လူတွေရဲ့စကားပြောသံဗလုံးဗထွေးတွေကို ရောပြွန်းကြားနေရသည်။
မြေအောက်ခန်း၏ အရှေ့မျက်နှာစာတွင်ရှိသည့် ခပ်ကျယ်ကျယ်နှစ်ဆင့်စင်ပေါ်တွင် တင်ထားသည်က ဖယောင်းတိုင်အမည်းတင်ထွန်းထားသော လူအရိုးခေါင်းတွေ.....စူးရှလှိုင်းထွေးသောရနံ့နှင့် တလူလူသင်းပျံ့မွှေးကြိုင်နေသော အမွှေးတိုင်တွေ.....ကိုးကွယ်သည့်နတ်ဘုရားကို ကပ်လှူထားသည့်အရာတွေသည်လည်း အကုန်အစိမ်းသားတွေချည်း။
ထိုနှစ်ဆင့်စင်ကျယ်ပေါ်မှာ တင်ထားသည့်အရာတွေအား မျက်လုံးထောင့်စွန်းမှ ဖြတ်ကနဲလှမ်းကြည့်လိုက်မယ်ဆိုရင်တောင် ကောင်းသောခံစားချက်ကိုပေးနိုင်မည်မဟုတ်ချေ။
မှောင်မည်းမည်းအခန်းကျယ်ကို အမည်းရောင်ဖယောင်းတိုင်တွေဆီမှအလင်းတွေနဲ့ ဖြိုခွင်းထားပြီး တစ်ချက်တစ်ချက်ရနေတဲ့ အမွှေးတိုင်နံ့က စိတ်ကိုတစ်မျိုးအရိုင်းဆန်စေသည်။
"ပါးစပ်ပြောပုံပြင်က အမှန်ဆိုတာ အသင့်အသက်နဲ့ရင်းပြီး အာမခံရဲသလား"
"ခံရဲပါတယ် ဝန်ကြီးမင်း။
လူသားနဲ့နတ်သမီးပေါင်းစပ်ပြီး မွေးလာတဲ့ကလေးမက ရောဂါတွေကိုအကုန်အစင်ပျောက်ကင်းစေနိုင်ရုံသာမက သေသူကိုပါပြန်ရှင်စေနိုင်စွမ်းရှိပါတယ်""ကြားရတာ သိပ်ဝမ်းသာတယ်"
သူ့ရှေ့မှာ ဒူးတုပ်ခစားနေတဲ့ အောက်လမ်းနတ်ဆရာမကို ဝန်ကြီးချုပ်Jeonဟာကျေနပ်အားရခြင်းတို့ ပျော်ဝင်နေသော ညစ်ကျယ်ကျယ်မဲ့ပြုံးတစ်ပွင့်ကို ပြုံးရင်းကြည့်နေတယ်။
YOU ARE READING
Polaroid Blessings(Chaesoo)
Fanfictionသိပ်လှတဲ့အရာတွေမှာ အသက်ဓာတ်ကို ညှို့ယူနိုင်တဲ့အစွမ်းရှိသတဲ့။ ဥမမာဆိုရရင် သူမရဲ့ အပြုံးညိုတွေ.....။