ပင်လယ်သေတွေအကြောင်းပြောရင် ငိုမှာလား မောင်
အခုတော့ ကျွန်မဟာ ပင်လယ်သေပါ။အရင်ကဆို တိမ်တွေညိုရင်
သူ့လက်ဖဝါးနဲ့ နွေးစေခဲ့။
ကိုယ်ဟာအရင်လို
မင်းရင်ခွင်ထဲမှာပဲ ဆွေးချင်တုန်းလေ။ညနေခင်းကို ငါ့မှာမေ့ပြီး
အိတ်ထဲကောက်ကောက်ထည့်မိနေတာ
ပြစရာမင်းမရှိတော့တာ သတိမရခဲ့ဘူးစိန်ပန်းတွေမြင်တော့လည်းဓာတ်ပုံထရိုက်လိုက်တာပဲ
ပို့စရာမင်းမရှိတော့တာကို မေ့နေခဲ့တာ
နွေအကြောင်းပြောပြမလို့ ၊
ကြယ်တွေအကြောင်းပြောပြမလို့ ၊
ငါကညညဆို မင်းစိတ်ဆီလမ်းလျှောက်ထွက်ကြည့်တယ် ။မင်းပြောသလို အဆင်ပြေမှာပါ ဆိုတာကိုငါစောင့်ရင်း
မင်းအသံကိုငါ့မှာသတိတရနဲ့ ။
ငါတို့မှာမြို့လေးတစ်မြို့ရှိကြောင်း ငါပြောဖြစ်ခဲ့တယ်
ငါ့မှာမင်းရှိကြောင်း ငါပြောဖြစ်ခဲ့တယ် ။ဇာတ်ကွက်ကို အရှေ့အနောက်ပြလိုက်နဲ့
အဖြူအမဲမကွဲတဲ့ ဇာတ်ခန်းတွေပေါ့ မောင်ရယ်။
အခုတော့ ကျွန်မဟာ ပင်လယ်သေပဲ
ကျွန်မတို့ပြဇာတ်ဟာ တစ်ခန်းရပ်ခဲ့ပါပြီပဲ။
ဒီလိုမျိုး ပရိတ်သတ်ကို ထရှင်းပြလိုက်တယ်
သတင်းစာရှင်းလင်းပွဲတွေ ထလုပ်ပြလိုက်တယ်။မောင်ရေ ငါကတော့ဒီလိုပဲကွဲ့
မင်းပြောဖူးသလို
ကိုမရှိလည်း မင်းကမ္ဘာဟာလည်နေမှာ ဆိုတဲ့အတိုင်းပဲ ။မင်းမရှိလည်း ငါဟာပုံမှန် ကမ္ဘာဟာပုံမှန်
နေဝင် လထွက်နဲ့ လည်နေကျအတိုင်းလည်နေတော့တာပဲ
ငါကသာ ရပ်နေခဲ့တာလေ
ငါကသာ ပန်းသီးပင်အောက်မှာရပ်နေခဲ့တာလေ
ဆွဲငင်အားတွေကို ငါယုံချင်သေးတယ်ကွယ်။ဘယ်လိုပဲဖြစ်ဖြစ်
မနေချင်တော့တဲ့အခါ
ခုန်ချပြီးဆုံးပေးနိုင်စွမ်းရှိတဲ့
မြစ်ကလေးတစ်စင်းတော့လိုတာပဲမလား။ပြဇာတ်ကို ဇာတ်သိမ်းကပြန်ကြည့်မှသိတော့တယ်
တကယ်က စွန်ထင်တာ
ဘယ်ဟုတ်မလဲ မောင်ရဲ့
ရင်နာစရာပဲ။ငါတို့တတွေဟာ
ပြန်စလို့မရတဲ့ရစ်ဘီးကလေးတွေဖြစ်ခဲ့ကြတယ်။- Meldian -
#25AUG2023
YOU ARE READING
ညှိုး
Poetry_ဘာတွေလဲမေးတဲ့အခါ ညှိုးငယ်နေတဲ့ပန်းတွေလို့ ပြန်ဖြေဖြစ်မှာပဲ ။ Published date_ 08012022 ( Sat )