X

35 1 0
                                    

ရန်ကုန်ဟာ အထီးကျန်နေတဲ့မြို့ပဲ
ရန်ကုန့်မှာ ဘယ်သူရှိ
ရန်ကုန့်မှာဘယ်သူမှမရှိဘူး
တခြားမြို့တွေကသူ့ဘက်ကဆိုပြီး လက်,မထောင်ကြဘူး
ရန်ကုန်ဟာ တစ်‌မြို့တည်းသမား
ရန်ကုန်မှာ လူတွေတွေ့ဆုံကြ
ရန်ကုန်မှာ လူတွေခွဲခွာကြ
လူတွေကရန်ကုန်ကိုမုန်းတယ်
လက်ညှိုးထိုးစရာမရှိရင် ဒီမြို့ကြောင့် လို့လူတွေကပြောကြတယ်
လူတွေက လမ်းကူးရင်းရန်ကုန်အကြောင်းတီးတိုးပြောကြတယ်
ဘတ်စ့်ကားတွေစီးရင်း
ရန်ကုန်ဟာသိပ်ကျဉ်းကျပ်စရာကောင်းကြောင်းပြောကြတယ်
နွေပူရင် ရန်ကုန်ဟာပူလိုက်တာလို့ပြောကြတယ်
တကယ်က လူတွေများလာတာရန်ကုန့်အပြစ်မဟုတ်ဘူး
နွေပူတာဟာ ရန်ကုန်လုပ်တာမဟုတ်ဘူး
လမ်းခွဲပြတ်စဲကြခြင်းဟာ ရန်ကုန်နဲ့မဆိုင်ဘူး
ရန်ကုန်ကြောင့် မဟုတ်လည်း ရန်ကုန်ရဲ့အပြစ်တွေက
တစ်နေ့တခြား ပိုပိုများလာတယ်
ဒါတွေကို ရန်ကုန်ကသိတယ်
သူ့အတင်းပြောတိုင်း သူကနားနဲ့ဆက်ဆက်ပြန်ကြားတယ်
ဒါပေမဲ့ ရန်ကုန်ကဘာမှမပြောဘူး
ရန်ကုန်ကစိတ်ပျက်စရာလို့ ပြန်ကြားတိုင်း
ရန်ကုန်ဟာ မငိုဘူး။

ကမ္ဘာကြီးယိုယွင်းပျက်ဆီးလာတာနဲ့အမျှ
ရန်ကုန်ကငြိမ်ငြိမ်လေးပဲနေတယ်
ရန်ကုန်မှာလူတွေညံပေမဲ့
ရန်ကုန်ကိုယ်တိုင်က တိတ်ဆိတ်တယ်
သူ့ဒဏ်ရာကို သူပဲသိတယ်
ဝန်များတဲ့မြို့က ဝန်ပိုလေးတယ်
လူတွေကရန်ကုန်ကိုသူတို့ထမ်းရတယ်ထင်နေတာ
တကယ်တော့ ရန်ကုန်က သူတို့ကိုပြန်ထမ်းထားတာ
ရန်ကုန်ဟာဘယ်တုန်းကမှမငိုခဲ့ဘူး။

နေ့ရောက်ရင် သူ့ကိုပြောတဲ့အတင်းတွေ၊
တီးတိုးစကားတွေကြားရတာတောင် ရန်ကုန်ကဘာမှမဖြစ်ဘူး
ညရောက်ရင်
အမှောင်ကိုတိတ်တိတ်ကလေးခြုံရင်း ရန်ကုန်ကငြိမ်သက်တယ်
ရန်ကုန်ဟာ သူ့မှာဒဏ်ရာတွေများကြောင်းပြောပြဖို့
သူ့ဘက်မှာဘယ်မြို့မှာမရှိခဲ့

ရန်ကုန့်ကိုဝမ်းနည်းလား မေးတိုင်း
ရန်ကုန်က သူမငိုဘူးပဲဖြေတယ် ။

#24_april_2022
#Meldian

ညှိုး Where stories live. Discover now