Italy Mafia ဂိုဏ်းတစ်ခု အင်အားကြီးဂိုဏ်းေတွထဲကမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ Aldo Gabriel သည် အသက်အရွယ်အရလူလတ်ပိုင်းအရွယ်ဆိုသော်လည်း အာဏာအရှိဆုံးသူဖြစ်သည်။"ဒီဆေးမှုန့်တွေကို တင်သွင်းဖို့ သင်္ဘေလမ်းကအဆင်ပြေပေမဲ့ မုန်တိုင်းနဲ့မိသွားလို့ ပစ္စည်းတွေက အကုန်ပျက်စီးသွားပါတယ် ဆရာ"
ထိုစဉ်အယ်လ်ဒိုရဲ့ဘယ်လက်ရုံးကနေပြီးတော့ တစ်စုံတစ်ခုကိုတီးတိုးလာပြောသည်
"ကျွန်တော့်ပေါ့ဆမှုကြောင့် ဖြစ်တာပါတောင်းပန်ပါတယ် "
"အဲ့ကောင်ကိုသာ ရှင်းပစ်ခဲ့ရင် အဲ့လိုဖြစ်မှာမဟုတ်ဘူး"
White T-shirt ကိုဝတ်ထားပြီး အဝါဖျော့ရောင်ဆံပင်ရှိတဲ့လူကြီးတစ်ယောက်က ထိုသူအနားကိုကပ်ကာ သူ့ရဲ့ပခုံးကိုအသာပုတ်လိုက်သည်၊ ဆိုလိုတာကဘာမှမဖြစ်ပါဘူး အေးဆေးပေါ့ ဆိုတဲ့သဘောမျိုး
"နောက်တစ်ခါသာ အဲ့လိုမဖြစ်စေနဲ့"
*ဒိုင်း ဒိုင်း*
ထိုသို့ပြောပြီး အနောက်ကိုပြန်လှည့်သွားတာနဲ့တပြိုင်နက် Aldoကသူ့ခါးကြားထဲကသေနတ်ကိုထုတ်ပြီး လျက်တပြတ်အချိန်အတွင်းမှာဘဲ ထိုသူကိုပစ်လိုက်သည်
သွေးတွေမှာကြည့်လို့ပင်မကောင်းလှစွာအိုင်နေလျက်..."သစ္စာဖောက်ကောင်!!*
သူ့မျက်နှာကို ထိုသူရဲ့သွေးတွေလာစင်တာက မသတီစရာ..
သူသိတာပေါ့ ဒီလိုဖြစ်တာက ပုံမှန်မဟုတ်မှန်း အခုသတင်းလာပြောတဲ့သူက ဟိုဘက်က သူလျှိုမှန်း၊ သတင်းပေးလုပ်နေတာအပြင်အခု ကိစ္စကလည်း သွေးရိုးသားရိုးမဟုတ်တာ အဲလ်ဒို သိသည်။ တစ်ဖက်ဂိုဏ်းမှ ဖြတ်ခုတ်သွားတာကို မုန်တိုင်းအကြောင်းပြပြီး မလိမ့်တပတ်လုပ်မှန်းကိုေပါ့ သူဘယ်လိုသိသွားလဲဆိုတာက တစ်ဖက်မှာ သင်္ဘောတစ်စင်းကလည်းသူ့ပစ္စည်း တွေကိုနိုင်ငံခြားကတင်သွင်းတဲ့ အခြားတစ်လိုင်းမှာလည်း လမ်းကြောင်းတူတာကြောင့် အဲ့ဘက်မှာမုန်တိုင်း သတင်းကိုလည်းမကြားခဲ့ရသလို တစ်ချိန်တည်း အတွင်းလူထဲမှာ သစ္စာဖောက် ရှိမှန်းသိလိုက်ရတော့ စုံစမ်းကြည့်တော့လည်း ထင်ထားတဲ့အတိုင်းရှိနေသည်။
YOU ARE READING
Falling Luv With Italian Guy(Ongoing)
RomanceHate me? Of course very much Love me? Yes,I Love you Very Much