Ep 6 (Unicode)

57 5 0
                                    

"...."

ဟန်နီကိုအဝတ်လဲခန်းထဲဆွဲခေါ်လိုက်ပြီး သူမရဲ့နှုတ်ခမ်းကိုနမ်းတော့ သူမကရုန်းတယ် ရုန်းလေအနမ်းများကပိုကြမ်းလေဖြစ်တာကြောင့် သူမလည်းရုန်းနေရာမှငြိမ်ကျသွားသည်၊ အဲ့အချိန်ထိ သူမကိုမွတ်သိပ်စွာနမ်းနေတုန်း
သူမကနေ သူ့ရဲ့ရင်ဘက်ကို အတင်းတွန်းပုတ်လိုက်မှသာ လွှတ်ပေးသည်။

"ရှင်ရူးနေလား ဘာဖြစ်လို့ဒီကိုလာတာလဲ အခုချက်ချင်းထွက်သွား!!"

"ဘေဘီစိတ်လျှော့မှပေါ့"

ဘာမှထပ်မပြောတော့ဘဲ သူမရဲ့ရင်အုံဖြူဖြူလေးကို စိုက်ကြည့်နေရင်းမှ သူမကိုပြန်လည်စိုက်ကြည့်လိုက်ရင်း သူမက မျက်နှာကိုတစ်ဖက်လှည့်ထားတာကိုမြင်လိုက်ရတာကို လီရွန်းသိပ်တော့ စိတ်တိုင်းမကျ။

ပြီးတော့ဟန်နီရဲ့လက်နှစ်ဖက်ကို အနောက်ကနေ လက်တစ်ဖက်တည်းဖြင့် ချုပ်ထားလိုက်ပြီး တစ်ဖက်ကတော့ အရှေ့မှန်ဘက် မျက်နှာမူထားတဲ့ သူမရဲ့မျက်နှာကိုကိုင်ထားလိုက်သည်။
အခုအခြေအနေက မှန်နဲ့လီရွန်းကြားမှာကပ်နေတဲ့အနေအထား

"ရှူး မင်းအခုနေနေတာ ငါ့ပိုင်နက်ထဲမှာဆိုတာမမေ့နဲ့",

ပြောရင်းသူမရဲ့ခေါင်းလေးကိုသူ့လက်နဲ့ပွတ်လိုက်ပြီး ဟန်နီကိုမျက်နှာချင်းဆိုင် အရှေ့လှည့်စေလိုက်သည်။ ပြီးတော့ သူမရဲ့နှုတ်ခမ်းလေးကို လီရွန်းကသူ့ရဲ့လက်မနဲ့အသာအယာပွတ်ဆွဲလိုက်ပြီး သူမရဲ့လည်တိုင်ကိုကြည့်ရင်း

"အ့ ရှင်! ရှင်ကခွေးလား လိုက်ကိုက်နေရအောင်!"

"ဒီနှုတ်ခမ်းလေးက နမ်းချင်စရာကောင်းသလို သိပ်လည်းစွာလွန်းတယ်"

အဲ့လိုပြောတော့ မျက်နှာကိုဘေးဘက်လှည့်သွားတဲ့ သူမ သူ့ဘက်ကိုပြန်လှည့်စေပြီး

"နောက်တစ်ခါ ငါစကားပြောနေတုန်း မျက်နှာကို တဖက်လှည့်ရင်း မင်းနှုတ်ခမ်းကို စုတ်ပြတ်သက်သွားအောင် နမ်းပစ်မယ်"

မကျေနပ်တဲ့အကြည့်နဲ့ လီရွန်းကိုပြန်ကြည့်လာပြီး ဘာမှကိုပြန်မပြောတော့။

"10 မိနစ်အတွင်းအပြီးရွေး ပြီးရင် တခြားနေရာသွားဖို့ရှိတယ်"

Falling Luv With Italian Guy(Ongoing)Where stories live. Discover now