"ဆရာကိုကင်းတွေတင်တဲ့ သင်္ဘော ဒီနေ့ရောက်ပါပြီ"
"ဖောက်သည်တွေနဲ့ ဒီညတွေ့ဖို့ရှိတာမလို့ အဲ့ဆေးတွေကို တကန့်စီခွဲထားလိုက်"
"ဟုတ်ကဲ့ဆရာ"
ထိုသို့ဆိုပြီးဒယ်နီရယ်က လီရွန်းပြောတဲ့အတိုင်း သေချာခွဲထားလိုက်သည်။ ဒီညက လူကြီးပိုင်း ဂိုဏ်းခေါင်းဆောင်တွေ ဆေးဝယ်နေကျဖောက်သည် အကြီးစားတွေနဲ့ ဒုစရိုက်လုပ်ငန်းလုပ်တဲ့မှောင်ခိုလုပ်ငန်းကသူတွေနဲ့ပါတွေ့ရမှာဖြစ်တာကြောင့်ပင်။ ဒီလိုတွေ့ရတာကလူတိုင်းတော့မဟုတ် အကြီးအကဲတွေ တကယ့်အကြီးစားဂိုဏ်းခေါင်းဆောင်တွေသာလာတဲ့ နေရာဖြစ်သည်။ ဒီclub ဟာလည်း လူတိုင်းလာလို့ရတဲ့ club တော့မဟုတ် သက်ဆိုင်ရာသူတွေကလွဲလို့ ပြင်ပကသူတွေဝင်ခွင့်တောင်မရှိတာ။
လီရွန်းက ဒီဆေးနဲ့ဧည့်ခံရမှာဖြစ်တာကြောင့် အရည်အသွေးကောင်းပြီး ပိုမိုထိရောက်မှုအစွမ်းရှိတဲ့ဆေးတွေဆို လူကြိုက်များသည်။ လီရွန်းအတွက်လည်းပိုပြီးစီးပွားဖြစ်သလို နှစ်ဦးနှစ်ဖက်လုံးကလည်းကျေနပ်မှုရတဲ့အတွက် ဖောက်သည်အနေနဲ့ပါဆက်လက်ရှိနေနိုင်တယ်လေ။လီရွန်းက သူကကသာ ဆေးတွေရောင်းပေမဲ့ သူကိုယ်တိုင်တော့ မသုံးပေ။ အပြင်ပန်းမှာတော့ စားသောက်ဆိုင်နဲ့ အခြားအခြား Company အများအပြားရဲ့ ပိုင်ရှင်လို့သာမြင်ကြပေမဲ့ တကယ်တမ်းမှောင်ခိုအလုပ်ပါလုပ်နေသည်ဆိုတာကတော့ ဂိုဏ်းကလူအချို့သာသိပြီး ကျန်တဲ့သူတွေကမသိကြပါဘူး။"ညနေကျရင် ငါတို့သွားစရာရှိတယ် မင်းပြင်စရာရှိတာတွေ ပြင်ဆင်ထား"
"ရှင်က ဟိုသွားမယ် ဒီသွားမယ်ဆိုပြီး ရှင်သွားစေချင်တိုင်း သွားခိုင်းပြီး ရွှေ့စေချင်တိုင်းရွှေ့ရအောင် ကျွန်မက သက်မဲ့မဟုတ်ဘူး သက်ရှိလူနော် ကျွန်မမှာလည်းလုပ်ပိုင်ခွင့်ရှိတယ်"
"ငါအခု အမိန့်ပေးနေတာ နှစ်ခါမပြောဘူး ပြင်စရာရှိတာပြင်ထား"
"ဒီလို ပုံစံမျိုးရှိနေသရွေ့ ရှင့်ကိုပြန်ချစ်လာဖို့ဆိုတာပိုလို့တောင်ဝေးသေး လူယုတ်မာရဲ့"
လီရွန်းကဟန်နီရဲ့ အနားကိုကပ်လာပြီး သူ့လက်နဲ့သူမရဲ့မေးစေ့ကိုဆွဲကိုင်လိုက်ကာ သူမနှုတ်ခမ်းကိုကြည့်နေရင်းမှ မျက်လုံးကိုအကြည့်ရောက်ရှိလာသည်။
သူမမျက်ဝန်းထဲကနေသူ့ကိုမုန်းတီးမှု၊ကြောက်ရွံ့မှု၊ရွံရှာမှုတွေအထင်းသားမြင်နေရသည်ည်။သူ့ကိုကြောက်နေသေးတာကိုတော့ သဘောကျပေမဲ့ အဲ့ဒီအကြည့်ကိုတော့ လီရွန်းတကယ်မကြိုက်ပါ။ အဲ့လိုရွံရှာတဲ့အကြည့်နဲ့ကြည့်ရလောက်တဲ့ လုပ်ရပ်မျိုးလည်း သူမအပေါ်မလုပ်ခဲ့သလို့ သူမခွင့်ပြုချက်မရှိဘဲ သူမကိုတစိုးတစိမျှတောင်မထိခဲ့တာ။ အတတ်နိုင်ဆုံးသူမအပေါ်နူးညံ့ချင်ပေမဲ့ သူကိုယ်တိုင်ကမနူးညံ့တတ်တာကတစ်ပိုင်း သူမကလည်းသူမကိုကြမ်းတမ်းအောင်သိပ်လုပ်တတ်တာကတစ်ပိုင်း နဲ့ အခုလိုအခြေအနေမျိုးကဖြစ်နေရော။
YOU ARE READING
Falling Luv With Italian Guy(Ongoing)
RomanceHate me? Of course very much Love me? Yes,I Love you Very Much