Ep 3 (Unicode)

87 8 1
                                    

ဒီနေ့က Italy ကိုသွားရမဲ့နေ့ ပြီးတော့ အဲ့မှာနေတဲ့ Italian သူဌေးနဲ့စာချုပ်ချုပ်ရမှာဖြစ်တာကြောင့် သွားရခြင်းဖြစ်သည်။ဟန်နီလည်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး ပါပါးနဲ့ မေမေတို့ကိုနှုတ်ဆက်ပြီးတာနဲ့ လေဆိပ်ကို သွားတော့သည်၊ ဟန်နီနဲ့သူ့အစ်မ အယ်လီနာအပြင် သူငယ်ချင်းဖြစ်သူကပါ လေယာဉ်ကွင်းအထိလိုက်ပို့ခဲ့ကြရင်း အချင်းချင်းနှုတ်ဆက်ပြီးတာနဲ့  ဟန်နီလေယာဉ်ပေါ်တက်သွားတော့သည်

ဒီလိုနဲ့လေယာဉ်ပေါ်ရောက်တော့ နေရာမှာဝင်ထိုင်လိုက်ကာ သီချင်းနားထောင်နေလိုက်သည်။ ဒီလိုအားတဲ့အချိန်ဆို သီချင်းနားထောင်ပြီး အနားယူရတာလည်း ပင်ပန်းတာကို အနည်းငယ် သက်သာစေတာကြောင့် ဟန်နီအမြဲနားထောင်ဖြစ်သည်။

လေယာဥ်ကို အချိန်အတော်အကြာစီးပြီးတဲ့အချိန်မှာတော့ နောက်ဆုံး Italy ကိုရောက်လာခဲ့ပြီ သူမသဘောကျတဲ့နိုင်ငံလေး၊ အလုပ်အရလာတာဆိုပေမဲ့လည်း အရင်တည်းက ဒီနေရာလေးကို သူမ လာချင်ခဲ့တာကြာပြီ

"Ms ဟန်နီမေနစ်ဖ်"

"Ms တည်းရမဲ့အခန်းကိုလိုက်ပြပေးပါ့မယ်"

"ဟုတ်ကဲ့ရှင့်"

လေဆိပ်မှာပါလာကြိုမဲ့သူ3ေယာက်ကို အသင့်ပြင်ဆင်ပေးထားတာကြောင့် service ပိုင်းမှာလည်း ဒီ Company ကသိပ်မဆိုးဘူး၊ပစ္စည်းတွေကို Hotal အခန်းထဲမှာနေရာတကျထားပြီးနောက် လိုင်းခဏသုံးနေလိုက်သည်။

"မေမေ သမီး အီတလီ ကိုရောက်ပြီ"

"အစစအရာရာ အဆင်ပြေတယ်မလား သမီးလေးကြောက်နေသေးလား လေယာဉ်စထွက်တုန်းက"

သူ့သမီးလေးက လေယာဉ်စီးရင်စစထွက်ချင်းဆိုကြောက်တတ်တာကို အိမ့်မေကသိတာမလို့ စိတ်တော့ပူမိတာ အသေးလေးဆိုပေမဲ့လည်း ကိုယ့်သမီးလေးကို

"အဆင်ပြေပါတယ်မေမေ အဲ့ဒါကတော့နည်းနည်းပေါ့ "

"သေချာရဲ့လား သမီးလေး"

"ပြေပါတယ် ထင်တာထက်ကိုပြေတာ"

"အဲ့ဒါပြောဖို့ ဖုန်းဆက်တာ မေမေစိတ်ပူနေမှာစိုးလို့ ကျန်းမာရေးလည်းဂရုစိုက်နော် ချစ်တယ်မေမေ"

Falling Luv With Italian Guy(Ongoing)Where stories live. Discover now