Ep 2 (Unicode)

80 8 0
                                    

"ပါပါး!!"

ဆံပင်အဝါ‌ဖျော့ရောင်ရှိပြီး ကျောက်စိမ်း‌ေရာင်မျက်လုံးရှိသည့်အမျိုးသားတစ်ဦး အသားအရည်ကလည်းဖြူထဲအထဲပါသလို ရုပ်ရည်အရလည်းချောပြီး အရပ်ကလည်းအရှည်ကြီးပင်။
ဒါကတော့မေမေရဲ့ ချစ်ယောကျာ်းဟန်နီတို့ဖေဖေပေါ့။ ဥရောပသားတွေကအတော်ချောတာ ကိုယ့်အဖေမလို့အမွှန်းတင်ပြီးပြောတာမဟုတ်ပေမဲ့ ဟန်နီကိုယ်တိုင်ကိုယ်ကဥရောပသူ/သား တွေကိုသဘောကျတာတော့အမှန်ဘဲ။

"သမီးလေး လာပါအုံး ပါပါးစီ"

လက်‌ဆန့်ထားပေးတဲ့ ပါပါးစီကိုပြေးလာပြီး ဖက်လိုက်သည် ဟန်နီကိုအပေါ်မြောက်ထားလိုက်ပြီး သူ့သမီးလေးနဲ့ဆော့နေတော့တာပေါ့

"ပါပါး သမီးလေးကိုအများကြီးသတိရနေခဲ့တာ ပိစိသေးသေးလေးကနေ ဒီအရွယ်လေးတောင်ရောက်လာပြီ အသဲတုံးလေး"

"သမီးရောဘဲ များကြီးလွမ်းနေတာ ပါပါးကို"

Mrs အိမ့်မေနှင်းဆီက‌တော့ သားအဖနှစ်ယောက်ကိုကြည့်ရင်းပြုံးနေမိသည်၊ သူမယောကျာ်းဆီကို သိပ်မလာဖြစ်တာကြောင့် ချစ်ရတဲ့အမျိုးသားကိုတွေ့တော့ပြေးဖက်ချင်စိတ်ကတဖွားဖွား သမီးငယ်လေးကသူ့ဖေဖေနဲ့သိပ်တူတာ မျက်လုံးလေးကအစပေါ့ သမီးငယ်လေးကိုမြင်ရင် သူ့အဖေကိုပြန်အမှတ်ရစေခဲ့တာ၊ သူမလည်းသူမရဲ့ယောကျာ်းကိုလွမ်းနေခဲ့ရတာကြာပြီလေ။
မိသားစုလေးတစ်စုကတော့ ပျော်ရွှင်မှုအငွေ့အသက်လေးများစွာနဲ့အသက်ဝင်လာခဲ့ပြီလေ အရင်တုန်းကဆို တစ်ဦးကိုတစ်ဦးလွမ်းဆွတ်ခဲ့ရသလောက်အခုတော့ အများကြီးပျော်ရွှင်နေလေရဲ့။

အမှောင်အတိကျနေတဲ့ အေးစက်တဲ့မြေအောက်ခန်းတစ်ခု နှိပ်စက်လက်နက်ပစ္စည်းတွေကိုလည်း စုံလင်စွာထားရှိထားတဲ့ကြောက်မက်ဖွယ်ရာအခန်းကြီး

"အခုငါ့ကိုလွှတ်စမ်း ငါအဲ့အကြောင်းတွေကို ဘာမှမသိဘူး ငါ့ကိုလွှတ်"

*ဖောင်း ဖြန်း*

ကြာပွတ်ဖြင့့်အရှိန်ပါပါရိုက်လိုက်တော့ ထိုလူမှာစကားပင်မပြောနိုင်တော့ အရိုက်ခံထားရတာများ သွေးတွေအလူးလူးထွက်နေလျက်

Falling Luv With Italian Guy(Ongoing)Where stories live. Discover now