"မင်းကို လိုက်ရှာနေခဲ့တာကြာပြီ အခုလိုဖြစ်ရအောင်လည်း တမင်အစီအစဉ်ဆွဲခဲ့တာ"
သူမကိုရှာနေခဲ့တာဟာဆိုရင် လွန်ခဲ့တဲ့၁နှစ်လောက်ကစလို့ပေါ့။
ပွဲမှာတွေ့ခဲ့တဲ့ မျက်ဝန်းပြာနဲ့အမျိုးသမီးက နေ့စဉ် ရက်တိုင်းသူ့ရဲ့အတွေးထဲမှာစိုးမိုးနေခဲ့တာ အလုပ်တွေလုပ်ပြီးရင်လည်း သူမအကြောင်းကိုစတွေးမိတော့တဲ့အထိပါပဲ။
ဒုတိယအဆင့်အနေနဲ့ သူမကို သူပိုင်ဆိုင်ချင်လာတယ် သူမကိုသူ့အပိုင်အဖြစ်ရှိစေချင်တာ။ဒါကြောင့်ဘဲ အဲ့အချိန်ကစလို့ သူမ အကြောင်းတွေကိုစတင်စုံစမ်းခဲ့တာပါပဲ။အဲ့နောက်ပိုင်းမှာ သူ့ရဲ့ companyကိုအလုပ်လျှောက်ဖို့လာမဲ့သူအပြင် အခြားနာမည်ကြီး Modelတွေကို အလုပ်လုပ်ကမ်းလှမ်းဖို့အတွက် နာမည်စာရင်းရှာနေရင်း ဟန်နီမေနစ်ဖ် ဆိုတဲ့နာမည်ကိုတွေ့သွားတော့ ချက်ချင်းဘဲ company မှာစာချုပ်ချုပ်ဖို့ကမ်းလှမ်းတော့တာပါဘဲ သူခိုင်းစေတာကြောင့်မဟုတ်ဘဲ သူမရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့လာဖို့ကိုအကွက်ကျကျစီစဉ်ခဲ့တာလို့ပြောရမယ်။
"ဘယ်လို အရင်ကတွေ့ဖူးလို့လား ကျွန်မတို့က"
"မင်းကတော့ မမှတ်မိဘူးထင်တယ် အရင်နှစ်ပြပွဲတုန်းကမင်းကိုစတွေ့တာ ကိုယ့်ကို လာတိုက်မိတဲ့ကောင်မလေးကို အဲ့နေ့ကမင်းတိုက်မိတဲ့သူက ကိုယ်ဘဲ"
သူကမျက်ဝန်းတို့မှာတစ်စုံတစ်ခုကိုတွေးတောနေသရောင် အနည်းငယ်ငြိမ်ကျသွားပြီး ခဏတာစဉ်းစားနေမိသည်။
အဲ့နေ့ကို ဟန်နီမှတ်မိပြီ
အဲ့တုန်းကတိုက်မိတဲ့သူကိုနောက် ၁နှစ်နေတော့ ဒီလိုအခြေအနေကြီးနဲ့ပြန်တွေ့ရတာကို တကယ်မယုံနိုင်။
ဘယ်လိုတောင် တိုက်ဆိုင်လွန်းနိုင်တာလဲ ၊ ဒါဆိုထိုသူကလည်း သူမကို တစ်နှစ်လုံးရှာနေခဲ့တာပေါ့ဒီလူရဲ့ ပယောဂမကင်းတာလည်း သေချာတယ် ဘယ်လိုဘဲဖြစ်ဖြစ်ပါ ဘာမှမပြောဘဲနေလိုက်တာကောင်းမယ်ထင်တယ်
"အခုလို ငြိမ်နေပုံရရင် မှတ်မိလောက်ပြီထင်တယ်"
ဘာမှမပြောဘဲ ငြိမ်သက်နေဆဲ သို့ပေမဲ့ ဟန်နီကစိတ်ထဲမှာတော့ လီရွန်းကို သတ်ပြီးထွက်ပြေးချင်စိတ်ပါဖြစ်နေတာ တကယ့်လက်တွေ့မှာတော့မလုပ်ရဲဘူးဆိုပေမဲ့ သေနတ်ရှိရင်တော့ကိုင်ပြီးခြိမ်းခြောက်ရင်တောင်ခြောက်မိမှာ အခုအခြေအနေမှာတော့ ထွက်ပြေးချင်ရင်တောင် မလွတ်နိုင်။
YOU ARE READING
Falling Luv With Italian Guy(Ongoing)
RomanceHate me? Of course very much Love me? Yes,I Love you Very Much