Ep 4 (Unicode)

125 7 0
                                    

လီရွန်းက နှုတ်ခမ်းတစ်ချက် တွန့်ချိုးသွားပြီး သူမကိုခဏတာစိုက်ကြည့်နေပြီးမှ

"ဖြတ်သိမ်းချင်လည်းရတယ်လေ"

တန်ရာတန်ကြေးတော့ ပေးရနိုင်တယ် ဆိုတာသိပေမဲ့ ဒီလောက်ထိချုပ်ချယ်တာမျိုးကျ အဆင်မပြေနိုင်တာမလို့ ဟန်နီဒီလိုဆုံးဖြတ်လိုက်တာဖြစ်သည်။

"လျော်ကြေး နှစ်ဆကိုလည်းတခါတည်းပေးခဲ့ပါ့မယ်"

"အိုခေ"

သူအဲ့လို ရုတ်ချည်းပြောင်းလဲသွားတာကြီးက လန့်နေရတယ် ဒါပေမဲ့လည်း လုပ်ပိုင်ခွင့်ကတော့ရှိတာဘဲလေ ဒါကြောင့် သူမမှာလည်းလွတ်လွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့်ကတော့ရှိတယ် သူမပြန်လျော်ရမဲ့ငွေနဲ့ ပြန်ရမဲ့ ကုန်ကျစရိတ်တွေကများပေမဲ့ သူမအတွက်ကအဆင်တော့ပြေတယ် သူမကချမ်းသာတယ် ဆိုေသာ်လည်း အရမ်းကြီးကြီးတတ် ချမ်းသာတာသာမဟုတ်တာ အသင့်အတင့်အနေအထားမှာတော့ရှိတဲ့အတွက် ဒီလောက်ကတော့သိပ်အခက်အခဲမရှိပါ။

"ဒီမှာငွေနှစ်ဆ တခါတည်းလွှဲလိုက်ပြီနော်"

Payment နဲ့လွှဲပြီးကြောင်း ဖုန်းကိုပြလိုက်ကာ အတည်ပြုလိုက်ပြီးတာနဲ့

"လေယာဉ်ကိုေတာ့ ကိုယ်တို့ဘက်က ပြင်ထားပေးမှာပါ စိတ်မပူပါနဲ့"

"ကျေးဇူးတင်ပေမဲ့ ရပါတယ် မလိုပါဘူး ကျွန်မဘာသာဘဲ စီစဉ်လိုက်ပါ့မယ်"

လီရွန်းက သူမအနားကို တစ်လမ်းချင်းလျှောက်လာပြီး

"နောက်လည်း ဒီကိုပြန်လာရမယ်နဲ့တူတယ်!"

အသံဩဩဖြင့် အမိန့်ဆန်စွာပြောဆိုလာတဲ့ လီရွန်း

ဟန်နီကဘာမှပြန်မပြောမိ
ဘာလို့အခုထိ နားမလည်နိုင်စရာစကားတွေကို ပြောနေရတာလဲ ?
အစပိုင်းကသူ့ကိုသေချာမသိဘဲ ကောင်းတယ်လို့ထင်မိတဲ့ ကိုယ့်ကိုယ်ကိုဘဲ အပြစ်တင်မိတယ် ဒီလောက် အထက်စီးဆန်တဲ့သူကို အကဲအခတ်မှားမိတာ ခန့်မှန်းရခက်တဲ့လူဘဲ ပြီးတော့ အရမ်းလည်း ထူးဆန်းတယ်

"ဒီနေ့တော့ အနားယူလိုက်ပါအုံး "

အဲ့လိုပြောပြီး လီရွန်းထွက်သွားတော့မှဘဲ စိတ်လေးစွာ ထိုင်ခုံပေါ်ထိုင်ချလိုက်တော့သည်
သိပ်ပြီးအာရုံမထားချင်တာကြောင့် ရေချိုးသန့်စင်ပြီးတာနဲ့ စိတ်အပန်းဖြေတဲ့အနေနဲ့ ဟိုတယ်ရဲ့ အရှေ့ဘက်က ကမ်းခြေမှာ လမ်းလျှောက်ထွက်နေလိုက်ရင်း သူ့လုပ်ရပ်ကိုပြန်စဉ်းစားနေမိတယ်

Falling Luv With Italian Guy(Ongoing)Where stories live. Discover now