အမတ်များစုံညီစွာရောက်ရှိနေတဲ့ ညီလာခံအတွင်း
ချပ်ဝတ်တန်ဆာအပြည့်ဖြင့်
ဦးမော့ကာရောက်ရှိလာပါသောရှောင်ကျန့် ...
အမတ်မင်းတွေအားလုံးက မှင်သက်နေကြသည့်အပြင်
ယခင်က ရှိခဲ့ဖူးသောအရှိန်အဝါက သူ့အားလွှမ်းခြုံလျက်...ရှောင်ကျန့်ကိုမြင်သည်နှင့် တုန်လှုပ်သွားသူက ကြင်ယာတော်ရှင်းလျန်
"ရှောင်ကျန့် !!! နင်ကဘယ်လိုများအခုထိ အသက်ရှင်နေရတာလဲ"
"ဘာလို့လဲဆိုတော့ ဒီနေရာကမှ
မင်းကြီးရှောင်ကျန့်နဲ့သက်ဆိုင်တဲ့နေရာမို့လို့ပေါ့"ချင်းဟွာက ဒေါသမာန်အပြည့်ဖြင့် ဝင်ပြောလိုက်တော့
"ဘာ!!! မင်းကြီးရှောင်ကျန့်...?"
ရှင်းလျန် အံ့သြမှင်သက်နေစဉ်မှာပင်
ရှောင်ကျန့်က အာဏာလွှဲပြောင်းတဲ့အမိန့်စာကို
အားလုံးမြင်အောင် ပြသလိုက်ပြီးနောက်"မင်းကြီးဝမ်ရိပေါ်က သတိအားလုံးရှိနေစဉ်မှာ
ကြှနျုပျကို တိုင်းပြည်အာဏာလွှဲအပ်ပေးခဲ့တယ်
အခုလက်ရှိ ဘုရင့်အမိန့်ကိုမနာခံချင်တဲ့သူရှိလား...!!!
ကန့်ကွက်ရဲတဲ့သူရှိလား..!!!
တကယ်လို့ ဒီအမိန့်စာကို လက်မခံနိုင်ဘူးဆိုရင်
အချိန်မရွေး စစ်တိုက်ယူဖို့ အဆင်သင့်ပဲ
ဘယ်သူကန့်ကွက်ရဲလဲ ကြည့်မယ်!!!"ရှောင်ကျန့်က သြဇာသံအပြည့် မာန့်အပြည့်ဖြင့်
သူ့အားသေဒဏ်ချမှတ်စဉ်က ရှင်းလျန်ပြုမူခဲ့သည့်အတိုင်း
တပုံစံထဲ ပြုမူတယ်ရှောင်ကျန့်ဟာ အာဏာသံအပြည့်ဖြင့်
အမတ်မင်းတွေကို အမိန့်ပေးပြီးနောက်
ကြင်ယာတော်ရှင်းလျန်ကို တည့်တည့်စိုက်ကြည့်ကာ"ကန့်ကွက်ရဲသူကို ငါကိုယ်တော်ကိုယ်တိုင် အပြစ်ဒဏ်စီရင်မယ်!!!"
"မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး!!!ငါလက်မခံဘူး!!!
နင့်မှာ သက်သေရှိလို့လား ဟင်!!""အမိန့်စာမှာ ပါတဲ့ ဘုရင့်တံဆိပ်တုံးက
ခိုင်လုံတဲ့သက်သေမဟုတ်ဘူးလား ဟမ်!!!
ဒီတံဆိပ်တော်ကိုအတုလို့ပြောရဲတဲ့သူ
မင်းတစ်ယောက်ပဲရှိမယ်ထင်တယ်"