နောက်တစ်ရက်
အရှင်ဟာသူ့ဆီကို
မမေ့မလျော့ရောက်လာခဲ့ပြန်တယ် သူ့ဘက်ကဝန်မခံမချင်း
အရှင်ကလက်လျော့ဟန်မတူဘူး"မင်းအခုလိုတိတ်ဆိတ်နေလို့ အခြေအနေက
ထူးခြားလာမှာမဟုတ်ဘူး!!!"ရှောင်ကျန့်က အရှင့်ကိုကြည့်ကာ
မချိပြုံး ပြုံးပြလိုက်သည်။သူ့ရှေ့ က လူသားက သူ့ကိုကြည့်ကာ
မျက်ရည်များနဲ့နာနာကျင်ကျင်ပြုံးပြလာတော့
မင်းကြီးဝမ်ရိပေါ် မျက်မှောင်ကုတ်ကာ စူးစိုက်ကြည့်နေမိသည်။
ထိုလူသားက ဒီလောက်အရိုက်ခံထားရတာတောင် ကျေနပ်နေသည့်ဟန်
သူ မကြိုက်ဘူး အဲ့အပြုံးတွေက
သူ့ရင်ကိုမွှေနှောက်နေတဲ့ သိပ်ထက်တဲ့ ဓားတစ်လက်နဲ့တူတယ်
သွေးစိမ်းရှင်ရှင်ထွက်ဖို့လုံလောက်တယ်
သူ့ရှေ့က လူသားဆီကနေ
တစ်ခုခုရှင်းပြတာမျိုးလိုချင်နေတယ်
အဲ့အရာက ဘာဖြစ်ဖြစ် ယုံကြည်ပေးချင်နေတယ်
တစ်ခုခုဖြေရှင်းချက်ပေးမယ်ဆိုရင်တောင်
ဒီနာကျင်နေတဲ့နှလုံးသားကခွင့်လွှတ်ဖို့အသင့်ပဲ
ဆုံးရှုံးလိုက်ရတာက
သူသိပ်ချစ်တဲ့မိခင်ဖြစ်နေသည့်တိုင်ပေါ့"မင်းငါ့ကိုတစ်ခုခုရှင်းပြဖို့ မကြိုးစားတော့ဘူးလား"
"ယုံမှာလား ...
ကျွန်တော်ဘာပြောပြော
အရှင့်ဘက်က ယုံကြည်ပေးမှာမို့လို့လား"အရှင့်ဘက်က တိတ်ဆိတ်သွားတာမို့ ရှောင်ကျန့်
ထပ်ပြီး မချိပြုံး ပြုံးမိတယ်
အရှင်ကသူ့ကိုမယုံဘူး ဘယ်တူန်းကမှ ဘယ်တော့မှ............
နာကျင်ရတယ် အဲ့စကားလုံးတွေက
ဘယ်အတိုင်းအတာထိရောက်မှန်းမသိပေမဲ့
ရင်ဘက်တစ်ခုလုံး နင်းချေခံရသလိုပဲ
ရှေ့ ကလူကိုကြည့်တော့လဲ
ခဲမှန်ဖူးတဲ့စာသူငယ်လေးလို ငြိမ်ငြိမ်လေးပဲ
တစ်ချက်လုပ်လိုက်တာနဲ့ အမှားတွေအားလုံး
သူလုပ်တာဖြစ်သွားမှာကြောက်နေရှာသလိုမျိုး...
မင်းကြီးဝမ်ရိပေါ် ထိုလူသားကို
တကယ်ပဲဘာပြစ်ဒဏ်မျိုးစီရင်ရမလဲမသိတော့ဘူးရှေ့က မြင်ကွင်းကို ဆက်မကြည့်နိုင်တော့လို့
လှည့်ထွက်လာခဲ့လိုက်တယ် ထိုလူသားကို ကျောခိုင်းလိုက်တာနဲ့
အကြောင်းပြချက်မရှိတဲ့ မျက်ရည်တွေ ကလဲ
သူ့မျက်ဝန်းတွေထဲက ခုန်ဆင်းလို့