3 လခန့် ကြာသော်
အရှင်က ရှောင်ကျန့်စကားကိုနားထောင်ပြီး ထီးနန်းအရာကိုပြန်လွှဲယူခဲ့သလို ရာထူးအပြောင်းအလဲတွေလဲ ပြုလုပ်ခဲ့သည်။
ရှောင်ကျန့်ကိုလဲမျက်စိအောက်ကအပျောက်မခံပဲ
ကလေးတစ်ယောက်လို အမြဲရင်ခွင်ထဲထည့်ဖက်ထားတတ်တယ်ရှောင်ကျန့်ရဲ့ မနက်ခင်းတိုင်းကအရှင့်အနမ်းတို့ကြောင့်နိုးထရသလို အစားစားရင်လဲ အရှင် ခွံ့ကျွေးတာပဲစားရတယ်
တကယ့်ကိုကလေးတစ်ယောက်လိုပဲ
ရှောင်ကျန်ရဲ့ အရာအားလုံးက အခုဆို
အရှင့်ခြေ အရှင့်လက်သာ ဖြစ်လို့နေခဲ့ပြီ။မတ်တပ်ရပ်လိုက်တာနဲ့ အရှင်ကသူ့ရဲ့ ခြေထောက်တွေဖြစ်ပေးပြီး
ထိုင်နေရင်လဲ အရှင်က ထိုင်ခုံဖြစ်ပေးသည်။
ညအိပ်ရင်လဲ အရှင့်လက်မောင်းနဲ့ ရင်ခွင်ကျယ်က
သူ့အတွက် ခေါင်းအုံးနဲ့စောင်ဖြစ်လို့နေ၏။
တစ်ချိန်က နာကျင်ခဲ့ရတာတွေကို မေ့ပျောက်သွားအောင်အထိ
အရှင်ကသူ့အား ချစ်ပြီးဂရုစိုက်ပေးလေသည်။''အရှင်...''
''ကျွန်တော်မျိုး အရှင်နဲ့ နောက်ထပ်တစ်ခေါက်လောက် လှေအတူစီးပါရစေ''
''ဘယ်တော့လဲ''
''အခု...အခုဆိုရင်ရော အဆင်ပြေလားဟင်''
''မပြေစရာ ဘာအကြောင်း ရှိလို့လဲ''
''ဟိဟိ ကျွန်တော်မျိုး အရှင့်ကို ချစ်တယ်''
''ကိုယ်တော်က ပိုပါတယ်''
''ယုံပါတယ် အရှင်ရယ်''
''လှေစီးမှာဆိုတော့ အေးတယ် အနွေးထည် သေချာဝတ်ထား ရှောင်''
''မဝတ်ချင်ဘူး အေးလာတဲ့အခါ အရှင့်ရင်ခွင်ထဲ တိုးဝင်မယ်လေ''
''မင်း အ့လို အချွဲပိုပြနေရင် ကိုယ်တော် ရူးသွားလိမ့်မယ်နော်''
''အရှင်က အရှင့်ရင်ခွင်ကို ကပ်စေးနည်းနေတာပဲ''
''အ့လို မထိတထိတွေ စနောက်နေရင် ကိုယ်တော့် ထိန်းချုပ်နိုင်စွမ်းတွေ ကင်းမဲ့ကုန်လိမ့်မယ်နော်''
''ဘယ်သူက ထိန်းခိုင်းနေလို့လဲ''
မင်းကြီးက စိန်ခေါ်နေတဲ့ နှုတ်ခမ်းလေးကို
အသည်းယားစွာ ဖိကပ်နမ်းပစ်လိုက်သည်။
ထို့နောက် အိပ်ဆောင်ကုတင်ပေါ် အသာပွေ့တင်ကာ
လှဲချအုပ်မိုးလိုက်တော့