(၂၀၁၄)
အချိန်အားဖြင့် ည၂နာရီခန့် ရှိနေပြီ။
ယင်းအချိန်ထိ ဧည့်ခန်းထဲတွင် သွဲ့တို့တစ်မိသားစုလုံး ရှိနေကြပြီး အကုန်လုံး၏စိတ်ထဲတွင်တော့ စိတ်လှုပ်ရှားနေကြလျှက်ရှိသည်။
အဆိုးဆုံးကတော့ သွဲ့ပင် ၅မိနစ်ခြားတစ်ခါထိုင်လိုက် ထလိုက်လုပ်နေသောကြောင့် သွဲ့ဒယ်ဒီက"သမီးငယ် ခနလောက်ဖြစ်ဖြစ် ငြိမ်ငြိမ်ထိုင်နေပါဦးကွ ဒယ်ဒီ့သမီးဒီလောက်တော်တာ အောင်မယ်မှန်းဒယ်ဒီတို့သိပီးသားလေ"
" ဒယ်ဒီကလဲ သွဲ့အရမ်းရင်တွေခုန်နေလို့ပါ"
ဟုပြောပီး သူမပါးစပ်ကလဲ တစ်ယောက်ထဲရေရွတ်လျက်
*results ကလဲမထွက်သေးဘူးလားမသိ ကြာရင်ငါနှလုံးရောဂါရတော့မယ် ဟွန်း*
အကြောင်းရာကား ယနေ့သည် သွဲ့ရဲ့ ဆယ်တန်းစာမေးပွဲ results ထွက်မည့်ညဖြစ်သည်။
ဒါကြောင့် သူမဒီလိုဖြစ်နေရခြင်းပင်။အစက သွဲ့ကသူမသူငယ်ချင်းတွေနဲ့ တူတူ ကျောင်းနားကလက်ဖက်ရည်ဆိုင်မှာ တစ်ညလုံးထိုင်ပီး အောင်စာရင်းစာရွက်လာချိတ်မှာကို စောင့်နေရန် စီစဉ်ထားကြခြင်းဖြစ်သည်။
သူမမိဘတွေကို ခွင့်တောင်းတော့ တွေးထားသလို
ခွင့်မပြုပေ။
သူတို့သမီးလေးကို စိတ်မချပါဘူးတဲ့လေ
အဲ့ဒါနဲ့ပဲ သွဲ့မိဘတွေက အတန်းပိုင်ဆရာမကို results တွေထွက်လာရင် သူမတို့သမီးလေး ပါမပါကိုတစ်ချက်ကြည့်ပီး သူမတို့ဆီဖုန်းဆက်ပီးပြောရန်အကူညီတောင်းခဲ့ကြသည်။ဧည့်ခန်းထဲက ဆိုဖာပေါ်မှာတင် သွဲ့တစ်ချက်အိပ်ငိုက်သွားသည်။
ထို့နောက် အရုဏ်တက်ချိန်လောက်ရှိမည်။
သူမတို့ရဲ့ ကြိုးဖုန်းမြည်သံကြောင့် လန့်နိုးသွားပီး သွဲ့ အပြေးလေး သွားကိုင်မိသည်။"ဟယ်လို တီချယ်"
"6 သွဲ့"
"ရေးးးးးးး"
"သမီးကို ခုလိုတစ်ကူးတစ်က ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တီချယ်
ဟိုလေ မယုံလို့တော့မဟုတ်ပါဘူး တီချယ် 6 Dကသေချာရဲ့လားဟင် တီချယ်""သေချာတာပေါ့ တီချယ်သေချာကြည့်ခဲ့ပါတယ်
သမီးအဖေအမည်က ဦးရောင်နီ မဟုတ်လား ခုံနံပါတ်က သ-၁၇၂၃ လေ?"
![](https://img.wattpad.com/cover/361701832-288-k689244.jpg)
YOU ARE READING
Ex To Lover Again!
Romanceဘရဏီသွဲ့- "ဘာလဲ အခုမှလွတ်တဲ့ငါးကကြီးနေတာ လား ယိမ်းနောင်ရှင့်" ယိမ်းနောင် - "ဟက်! လွတ်တဲ့ငါးကကြီးနေတာ မဟုတ်ဘူး သွဲ့ရဲ့၊ ကိုယ့်မူပိုင်ငါးလေးကို ခဏတာ လွှတ်ပေးထားရုံတင်၊ ...