"အန်တီရေ အန်တီဒေစီ
ကျွန်တော်အလည်လာတယ်ဗျ"အိမ်ရှေ့မှ တစ်ကြော်ကြော်အော်ခေါ်နေသည့်လူကြောင့် ခန့်ကိုကိုတစ်ယောက် ခြံထဲကခုံပေါ်တွင် ဂစ်တာတီးနေရင်းမှ ဂစ်တာကိုချခဲ့ကာ ခြံတံခါးဆီထွက်လာခဲ့လိုက်သည်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲ ဦးလေး"
"ဟာ... ဦးလေးတော့မလုပ်ပါနဲ့ကွာ
မင်းကလဲ၊
မင်းနဲ့ငါ အသက်ကွာလှမှ ၄ ၅နှစ်ပေါ့"ဟုတ်သားပဲ။ အခုမှ ခြံတံခါးအပြင်ဘက်မှလူကိုသေချာကြည့်မိသည်။ စတစ်အဖြူနှင့်ပုဆိုးကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး မျက်နှာကလဲ တည်တည်ကြည်ကြည်၊ လေးထောင်မျက်မှန်နှင့် မတိုမရှည်ဆံပင်များကို အပေါ်သို့ လှန်တင်ထားသော လူကြီးသည် အတော်လေးကြည့်ကောင်းပါသည်။
စောနက အဝေးမှလှမ်းကြည့်လိုက်တော့
လေးဆယ်ကျော်လူကြီးတစ်ယောက်လို့ထင်လိုက်တာမို့ ဦးလေးဟုခေါ်လိုက်မိခြင်းသာ၊ အခုသေချာတွေ့ရမှ သူပြောသလို ခန့်နှင့် ၄ ၅နှစ်လောက်သာကွာမည့် အသက်၃၀ ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်မည်။"အာ... ဟုတ်ကဲ့ အကို
ခုကဘယ်သူနဲ့တွေ့ချင်လို့လဲဗျ""ဘရဏီနဲ့
သူရှိတယ်မို့လား""မမလေးရှိပါတယ်
ခြံထဲကိုကြွပါခင်ဗျ"ကောင်းခန့်လဲ ခြံဝင်းထဲသို့ ဝင်လာရင်း ဘေးကကောင်လေးကို စကားစမိသည်။
"မင်းကဘယ်သူလဲ"
"ကျွန်တော်က ဒီအိမ်ကဒရိုင်ဘာပါဗျ
အိမ်ရဲ့ အကြမ်းတောက်တိုတွေလဲအကုန်လုပ်ပါတယ်""ဪ ကျောင်းရောပြီးပြီလား"
"ဟုတ်ကဲ့ ကျွန်တော်ဘွဲ့ရပြီးပါပြီ"
"ဒါဆို မင်းဘွဲ့နဲ့ကိုက်ညီတယ့် အပြင်အလုပ်လေးလုပ်ပါလား ဒရိုင်ဘာအလုပ်က မင်းတတ်ထားတဲ့ပညာတွေနဲ့မှ မကိုက်ညီပဲ"
"အစကတော့ ကျွန်တော်လဲအဲ့လိုတွေးမိပေမယ့်
ကျွန်တော့်ဖေဖေက အသက်လဲကြီးပြီဆိုတော့ ကားဆက်မမောင်းနိုင်တော့ဘူးဗျ ဒါကြောင့် ကျွန်တော်ကဖေဖေ့နေရာဝင်လိုက်တာ အန်တီဒေစီတို့ကလဲ ကျွန်တော်တို့သားအဖကိုစောင့်ရှောက်ပါတယ်၊ နေစရာပေးထားတဲ့အပြင် ကျွေးပါကျွေးထားတာမို့ ကျွန်တော် ဒီမှာပဲအလုပ်ပြန်ဝင်ဖို့ တွေးလိုက်တာပါ"

YOU ARE READING
Ex To Lover Again!
Roman d'amourဘရဏီသွဲ့- "ဘာလဲ အခုမှလွတ်တဲ့ငါးကကြီးနေတာ လား ယိမ်းနောင်ရှင့်" ယိမ်းနောင် - "ဟက်! လွတ်တဲ့ငါးကကြီးနေတာ မဟုတ်ဘူး သွဲ့ရဲ့၊ ကိုယ့်မူပိုင်ငါးလေးကို ခဏတာ လွှတ်ပေးထားရုံတင်၊ ...