"ဟင်... ရှင် ရှင်!"
ပြုံးပြလိုက်ပုံကိုက တော်တော်အမြင်ကတ်စရာကောင်းသော မိန်းမပင်။ အသံနဲ့လှမ်းလှမ်းပြီး စိတ်ဒုက္ခပေးရတာ အားမရလို့ လူကိုပါအနားခေါ်ပြီး စိတ်ဒုက္ခပေးချင်နေသည့်ပုံပင်။ဝတ်ထားစားထားပုံကလည်း သွားမည့်နေရာနှင့် နည်းနည်းမျှမသက်ဆိုင်။ ရှပ်လက်တိုအနက်ရောင်ကို style pant အနက်ရောင်ဘောင်းဘီထဲ ထည့်ဝတ်ထားကာ sun glasses ကိုလည်း အနက်ရောင်သာ တပ်ဆင်ထားလေသည်။ ပခုံးကျော်ကျော်
မှောင်မှောင်မည်းမည်း ဆံနွယ်များကိုလည်း မစည်းနှောင်ထားပဲ ဒီတိုင်းသာ ချထားမို့ ယိမ်းနောင်ဆိုသည့်အမျိုးသမီးကို ကြည့်ရတာ တစ်ကိုယ်လုံး မှောင်မည်းနေလေသည်။ အသားဖြူ၍သာ တော်ရော့မည်။ ယခု သူမပုံစံက ခရီးသွားမည့်လူနှင့် မတူပဲ ဈာပနပွဲ သွားမည့်လူနှင့်တောင် တူနေလေသည်။*အမြင်မရှိလိုက်တာ၊ ဒီလိုလူက နိုင်ငံကျော်ဒီဇိုင်နာပါလို့လာပြော ငါသာဆို ပါးရိုက်ပြောတောင် ယုံနိုင်မှာမဟုတ်ဘူး ဟွန့်!*
"ဟေ့ ဘာတွေအဲ့လောက်စိုက်ကြည့်နေတာလဲ ဘေဘီ
ကိုယ်အဲ့လောက်ကို ကြည့်ကောင်းနေတာလား""ဘာရှင့်!
ရှင့်ကိုကြည့်နေတာမဟုတ်ဘူး
ထင်ရာတွေ စွတ်ပြောမနေနဲ့""အာ OK OK so...
ဘေဘီက ကိုယ့်ကားနဲ့လိုက်ရမှာ
Express က မော်ဒယ်လ်တွေနဲ့ တာဝန်ခံတွေအတွက်ပဲ""အို... ဘာလို့သွဲ့က ရှင့်ကားနဲ့လိုက်ရမှာလဲ
မလိုက်နိုင်ပါဘူးနော် Express နဲ့ပဲ လိုက်မှာ"ပြောရင်းဆိုရင်း luggage ကိုပါတစ်ခါတည်းဆွဲကာ လှည့်ထွက်လိုက်တော့ အနောက်မှလှမ်းအော်ပြောလေသည်။
"Express ခေါင်မိုးပေါ်က လိုက်မလို့လားဘေဘီ
ကားထဲမှာ လူအရေတွက်ကအကုန်ကွက်တိပဲ"သူမစကားကြောင့် သွဲ့မျက်နှာလေးနီမြန်းသွားကာ ရှက်မိပါသည်။ ခုအခြေနေက ယိမ်းကားနှင့်မှ မလိုက်လျှင် သွဲ့မျောက်သစ်ကိုင်းလွတ်ဖြစ်တော့မည်ပင်။
သွဲ့လဲ စိတ်အလိုမကျတော့တာမို့ ပြန်လှည့်လာပြီး
စကားအရမ်းများနေသော မိန်းမနားသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
![](https://img.wattpad.com/cover/361701832-288-k689244.jpg)
YOU ARE READING
Ex To Lover Again!
Romanceဘရဏီသွဲ့- "ဘာလဲ အခုမှလွတ်တဲ့ငါးကကြီးနေတာ လား ယိမ်းနောင်ရှင့်" ယိမ်းနောင် - "ဟက်! လွတ်တဲ့ငါးကကြီးနေတာ မဟုတ်ဘူး သွဲ့ရဲ့၊ ကိုယ့်မူပိုင်ငါးလေးကို ခဏတာ လွှတ်ပေးထားရုံတင်၊ ...