မနက်ခင်း၈နာရီလောက်တွင် သွဲ့ ဆိုင်သွားရန်အတွက် ကိုယ့်ကိုကိုယ်သေချာပြင်ဆင်ခဲ့ပြီး အောက်သို့ဆင်းလာစဉ်
*ဟင် မာမီ၊ ဘာလဲဆိုင်မသွားဘူးလားကွ*
သွဲ့လှေကားထိပ်မှာတင် ထမင်းစားခန်းထဲက မာမီကိုလှမ်းကြည့်နေမိသည်။ တစ်အိမ်ထဲ အတူနေကြပေမယ့် သားအမိနှစ်ယောက်မှာ မျက်နှာချင်းမဆိုင်မိတဲ့ ရက်တွေကများပါသည်။ မာမီက အိမ်မှာမနက်စာ စားလေ့မရှိ၊ ၇ နာရီလောက်ဆို ဆိုင်ကိုရောက်ပြီဖြစ်သည်။ ညနေကျလဲ အိမ်ရောက်တာနဲ့ ဒယ်ဒီ့ကို ပြုစုလုပ်ကိုင်ပေးရ ဆိုင်မှစာရင်းများကိုပြန်စစ်ရတာနဲ့ သူမအလုပ်များနှင့်သာ ရှုပ်နေတတ်သည်။
သွဲ့ကလဲ မာမီနဲ့အရင်ကလောက် သိပ်အစေးမကပ်ပေ၊ သူမဒီကိုပြန်မလာချင်တာကို ဇွတ်ခေါ်လာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။သွဲ့ မာမီ့ကို ကြည့်နေစဉ်မှာပင် မာမီကမော့ကြည့်လာခဲ့သည်။ သွဲ့ကိုမြင်တော့ ပြုံးပြရင်း
"သမီး လာလေ၊ မာမီက သမီးနဲ့ မနက်စာစားဖို့စောင့်နေတာ"
"ဟုတ် မာမီ"
သွဲ့လဲ မနက်စာဝိုင်းမှာ ဝင်ထိုင်လိုက်ရင်း မာမီ့ကိုအကဲခတ်လိုက်သည်။ သွဲ့ကို ပြောစရာတစ်ခုခုရှိနေပုံပင်၊သွဲ့နှင့် မနက်စာတူတူစားဖို့စောင့်တယ်ဆိုတာ ပုံမှန်မှမဟုတ်တာ၊ သွဲ့မာမီဟာ သွဲ့ငယ်ငယ်တုန်းကလို ချစ်စရာမကောင်းတော့ပါ၊ သွဲ့ငယ်ငယ်ကဆို သွဲ့လိုချင်တာကိုအမြဲလိုက်လျောပေးပြီး အမြဲမျက်နှာမညှိုးအောင်ထားခဲ့သည်ချည်းသာ၊ နှစ်ယောက်သား အများကြီးလဲ close ဖြစ်ပြီး အရမ်းလဲနွေးထွေးပါသည်။
သွဲ့ဆယ်ကျော်သက်အရွယ်တုန်းက ဦးရောင်နီကပဲ ဦးဆောင်ပြီး စီးပွားရှာတဲ့လူဆိုတော့ ဒေါ်ဒေစီက စီးပွားရေးဘက်ကိုလှည့်ကြည့်စရာမလိုပေ ။ တစ်ဦးတည်းရှိသော သမီးလေးကို ထိခိုက်အနာတရမဖြစ်အောင် ပိုးလိုဉပြီး စောင့်ရှောက်နိုင်ခဲ့သည်၊ ချစ်ပေးနိုင်ခဲ့သည်။
ယခုနောက်ပိုင်းတွင်တော့ သွဲ့မှာ မာမီနှင့်လုံးဝစိမ်းသက်သွားသည်ဟုခံစားရသည်၊ ဒေါ်ဒေစီ့ဘက်မှာလဲ နှလုံးရောဂါသည် အမျိုးသားကိုပြုစုစောင့်ရှောက်ရသည့်အပြင် စီးပွားရေးပါ ဦးဆောင်လုပ်ကိုင်နေရတော့ သမီးဖြစ်သူကို မြန်မာပြည်ပြန်ခေါ်လာပြီး ပစ်ထားသလိုဖြစ်နေတယ်ဆိုတာ
ဒေါ်ဒေစီခံစားမိပါသည်။
YOU ARE READING
Ex To Lover Again!
Romanceဘရဏီသွဲ့- "ဘာလဲ အခုမှလွတ်တဲ့ငါးကကြီးနေတာ လား ယိမ်းနောင်ရှင့်" ယိမ်းနောင် - "ဟက်! လွတ်တဲ့ငါးကကြီးနေတာ မဟုတ်ဘူး သွဲ့ရဲ့၊ ကိုယ့်မူပိုင်ငါးလေးကို ခဏတာ လွှတ်ပေးထားရုံတင်၊ ...