အပိုင်း(၁၀)

789 37 2
                                    

ခက်ချေပြီ...

    ယိမ်းအင်္ကျီစအား ကိုင်ထားရင်းနှင့်ပင် လက်သွယ်သွယ်များက ရွေ့လျားလာပြီး ကုတ်ကော်လား နှစ်ခုမှ ကိုင်ကာ လူကို ဆွဲချလိုက်တာမို့ အောက်မှဆွဲချလိုက်သူကို မဖိမိအောင် ယိမ်း မနည်းလက်ထောက်လိုက်ရသည်။ လက်သွယ်သွယ်များက ထပ်မံရွေ့လျားလာပြီး တစ်ဖက်က ယိမ်းပါးကိုပွတ်သပ်ကာ နောက်တစ်ဖက်က ယိမ်းခေါင်းကို နောက်မှကိုင်ပြီး ဆွဲယူလိုက်ကာ နှုတ်ခမ်းချင်းပူးကပ်စေသော ခပ်ဆိုးဆိုး ဘေဘီရယ်ပါ။

   ရုတ်တရပ်မို့ ယိမ်း လှုပ်ချိန်တောင်မရလိုက်ပဲ နှုတ်ခမ်းချင်းက ထိကပ်နေလေပြီ။နှုတ်ခမ်းများကို ထိကပ်ရုံတင် မဟုတ်ပဲ သွဲ့ဘက်မှပင် အနမ်းများကို ခပ်ကြမ်းကြမ်း စတင်နေ‌လေသည်။ယိမ်းလဲ အလိုက်သင့် ပြန်‌နမ်းပေးကာ နှစ်ဦးသား ‌အပေးယူ
ညီညီဖြင့် နမ်းရှိုက်နေရင်း သွဲ့ရဲ့လက်ချောင်းများက ယိမ်းကိုယ်ကိုစတင် ကိုင်တွယ်လာတာမို့ ယိမ်း ချက်ချင်းပင် နမ်းနေရင်းမှ လူချင်းခွာလိုက်မိသည်။ ဒီကလေး တော်တော်အဆင်မပြေတော့ဘူးထင်ရဲ့။ ယိမ်းလဲ ဆက်ပြီး နမ်းရှိုက်နေရင် ယိမ်းပါ
အဆင်မပြေဖြစ်လာတော့မှာမို့ မဖြစ်သင့်တာ မဖြစ်ရအောင် ရပ်ပစ်မှရတော့မည်လေ...။

"အရမ်းပူနေရင် ရေချိုးလိုက်ပါလား
ကိုယ် ရေပူ ရေအေး စပ်ပေးမယ်လေ"

"ဟင့်အင်း
သွဲ့အနားမှာပဲနေပါ ယိမ်းရဲ့"

    ငိုမဲ့မဲ့အသံလေးဖြင့် မျက်နှာလေးကလဲ နီမြန်းနေကာ ယခုပဲ ပြိုတော့မည့်မိုးလို...။

"မင်းအဆင်ပြေသွားအောင်ပါ
ခဏပဲစောင့်ပေး"

     ဆိုပြီး သွဲ့ မတားခင် ယိမ်းဦးစွာထွက်လာခဲ့လိုက်သည်။ ရေချိုးခန်းထဲတွင် အပူအအေးမျှအောင် သေချာစပ်ပေးခဲ့ကာ အပြင်ထွက်လာတော့ သွဲ့က ဂါဝန်နောက်ဇစ်အား မမှီမကမ်းဖြင့် ဆွဲဖြုတ်နေလေပြီ။ ကြည့်ရတာ မဆင်မပြေလှတာမို့ ယိမ်းကပဲ ဇစ်ဆွဲပေးလိုက်ကာ

"ရေကို သေချာစိမ်ပြီး ချိုးလိုက်နော်
ကိုယ်ခဏနေ ပြန်လာခဲ့မယ်"

"ဘယ်သွားမလို့လဲ"

"ဒီနားတင်
မင်းမပြီးခင် ကိုယ်ပြန်လာခဲ့မယ်
ကဲ ကဲ သွားချိုးတော့"

Ex To Lover Again!Where stories live. Discover now