အပိုင်း(၃)

438 27 0
                                    

     နောက်တစ်နေ့မှာတော့ ဂရေစီ သွဲ့နဲ့အတူ shopping ထွက်ရန် ပြင်ဆင်ပြီး မနက်ခင်း(၈) နာရီ
လောက်မှာတင် သွဲ့တို့ အိမ်ရှေ့ရောက်နေပြီဖြစ်သည်။

လူခေါ် ဘဲလ်ကိုနှိပ်လိုက်ကာ လူလာတာမစောင့်ပဲ
တီလေးကို တစ်ကြော်ကြော် အော်ခေါ်နေသော
ဂရေစီပါပင်။

"တင်းမ်..... တောင်....."

"တီလေးရေ တီလေး"

"အေး ဂရေစီလားသမီး
ဝင်ခဲ့လေ၊ တီလေးမအားလို့ လာမဖွင့်ပေးတော့ဘူးနော် ဂရေစီ"

    ဟု အိမ်နောက်ဖေးမှလှမ်းအော်သော ‌
တီလေး၊ အဲ့ဒါကြောင့် ဂရေစီလဲ ဖွင့်ဝင်လာလိုက်ပြီး
တီလေးကိုလှမ်းအော်မေးလိုက်သည်။

"တီလေး ဘရန်ဒီနိုးပြီလား၊
မနိုးသေးဘူးမို့လား ၊ သမီးစောနက သမီးအခန်းထဲကနေ ဒီဘက်လှမ်းကြည့်တာ၊ သူ့အရိပ်ယောင်
မတွေ့မိသေးဘူး၊ သမီးပဲသွားနှိုးလိုက်မယ်နော်"

   ကိုယ့်ဘာသာမေးပြီး ကိုယ့်ဘာသာပဲပြန်ဖြေသွားသော ဂရေစီပင်။
ဂရေစီဟာ ထိုကဲ့သို့ သွက်သွက်လက်လက် ကလေးပင်၊ ဆံပင်ဂုတ်ဝဲလေးကို လိ‌‌မ္မော်ရောင်ဆိုးထားပေမယ့် အမြင်ရိုင်းမနေပေ၊ အသားဖြူတာရောကြောင့် မျက်နှာလေးက ဆံပင်အရောင်နှင့် လိုက်ဖက်နေကာ တစ်မျိုးချစ်စရာကောင်းနေသည်။ နိုင်ငံခြားသူပီပီအရပ်ရှည်ရှည် သွက်သွက်လက်လက်၊ လိ‌မ္မော်ရောင်ဆံပင်အကောက်လေးနှင့် ချစ်စရာကောင်းသော
ဂရေစီလေးကို သိတဲ့လူ
တော်တော်များများက ချစ်ကြသည်၊ 
ဒေါ်ဟေမီကိုယ်တိုင်ပင် ကိုယ့်တူမအရင်းလေးတစ်ယောက်လို ချစ်ခင်မိပါသည်။
   
ဟေမီ့တူမလေးသွဲ့က သွက်သွက်လက်လက်ရှိပေမယ့် စွာသည်၊ အထိမခံ၊ အဲ့ဒီအထိမခံနဲ့
အစအနောက်သန်တဲ့ဂရေစီတို့နှစ်ယောက်သည်
မတည့်အတူနေတွေပင်၊ နှစ်ယောက်ထဲရှိနေရင်အမြဲရန်ဖြစ်သည်၊ တစ်ယောက်ကအပြင်လူနဲ့ ရန်ဖြစ်လာရင် နောက်နေ့ အဲ့လူဆီ နှစ်ယောက်ပေါင်းပြီး သွားဖြဲကြသည်၊ တကယ့်မလွယ်စိန်နှစ်ယောက်ပင်။

*အင်း... ဒီကလေးမလေးတောင်အရွယ်ရောက်လာပြီ၊ စစချင်း ဟေမီတို့အိမ်ဘေးကို ပြောင်းလာတုန်းကဆိုရင် တကယ့်ကလေးလေးပဲ ရှိသေးတာ၊ ခုများဖြင့် ဟေမီ့အရပ်ထက်တောင် ခေါင်းတစ်လုံးစာ
ပိုရှည်နေပြီ၊ ဂရေစီက အမေရိကန်စပ်လို့လားတော့မသိ၊ တူမဖြစ်တဲ့ ဘရဏီ့ထက် ငယ်တာတောင်
ဘရဏီလေးထက် ပိုထွားနေတယ်*

Ex To Lover Again!Where stories live. Discover now