> 1 <

1.7K 76 3
                                    

Unicode

"မျိုးဆက်သစ်လူငယ်တွေရဲ့ Idolနတ်ဘုရားလို့တင်စားကြတဲ့ ပတ်ဝန်ဘင်းဟာဆိုရင် လက်ရှိမှာမူးယစ်ဆေးဝါးလက်ဝယ်ကိုင်ဆောင်တွေ့ရှိမှုနဲ့တရားရင်ဆိုင်နေရပြီး ... "

သတိလက်လွတ်ဖွင့်ထားမိတဲ့TVသတင်းကိုပိတ်လိုက်ပြီး ကော်ဖီတစ်ခွက်ထ,ဖျော်ရင်း ဘောင်းဘီအိတ်ထဲကတဂွမ်ဂွမ်မြည်နေတဲ့ဖုန်းရဲ့acceptခလုတ်ကိုဆွဲလိုက်တယ်။

"အင်း"

"အမြန်ပြင်ဆင်ထားတော့ ဝန်ဘင်း၊ ဒီနေ့ ရှေ့နေနဲ့တွေ့ရမယ်၊ အခု လာခေါ်နေပြီနော်"

"ဟင် ... ရှေ့နေနဲ့က မနေ့ကမှတွေ့ပြီးပြီလေ"

"အဲ့ဒီရှေ့နေမဟုတ်တော့ဘူး"

ရေနွေးငှဲ့နေတဲ့ ဝန်ဘင်းရဲ့လက်တို့က လေထဲမှာတင်ရပ်တန့်သွားတယ်။ ပြီးတော့ မနေ့ညက ညလုံးပေါက်ရှာဖတ်ထားတဲ့ သူ့အကြောင်းသတင်းတွေ မဟုတ်သေးဘူး သတင်းမဟုတ်ဘဲ အတင်းတွေ၊ အဲ့ဒီ အတင်းအဖျင်းသဘောသက်ရောက်တဲ့သတင်းစာမျက်နှာတွေမှာ တွေ့ရတဲ့မှတ်ချက်တွေကို ပြန်မြင်ယောင်မိသွားတယ်။

(ပတ်ဝန်ဘင်းက .... ဝါး မယုံနိုင်စရာပဲ)

(ရုပ်လေးချောတာတစ်ခုပဲရှိတာပါ)

(နှမြောဖို့ကောင်းလိုက်တာ အားပေးမိတော့မှာကို)

(သူ့ဘက်ကရှေ့နေလိုက်ပေးမယ့်သူကဘယ်သူလဲ? အဲ့ဒီလူရဲ့အနာဂတ်တော့မတွေးဝံ့စရာပဲ)

(တကယ်သုံးစွဲတယ်လို့ ရလဒ်ထွက်လာခဲ့ရင်ရော သူငယ်ချင်းတို့)

(သူနဲ့အတူ သူ့ရှေ့နေကိုပါ ဆွဲချသွားမှာပေါ့၊ ကြောက်ဖို့ကောင်းတဲ့ပတ်ဝန်ဘင်း)

တကယ်ပါ၊ စိတ်ရှိတိုင်းသာဆိုရင် ဝန်ဘင်း ချက်ချင်းအကောင့်အသစ်တစ်ခုဖွင့်ပြီး replyပြီးပြောချင်လိုက်တာ။ ငါ မဟုတ်ဘူး ၊ အဲ့ဒါအမှန်မဟုတ်ဘူးဆိုတာကိုလေ။

"ဘာလို့လဲ ... SNSကောမန့်တွေကြောင့် ကျွန်တော့်အမှုကိုငြင်းလိုက်တာမလား"

"ကျစ်...  လောလောဆယ်SNSသုံးတာ နားထားဖို့ အကိုရော သူဌေးရောပြောထားတယ်မလား ဝန်ဘင်း"

Say YES To Me (COMPLETED)Where stories live. Discover now