> 6 <

494 63 13
                                    

Unicode

"လွှတ်"

သူ့ပုခုံးနှစ်ဖက်ကိုထိန်းကိုင်ပေးထားတဲ့လက်အစုံထဲကရုန်းထွက်ပြီး ခေါင်းပေါ်တင်နေတဲ့ကုတ်အက်ျီကိုပါဆွဲဖယ်လိုက်တော့ ငြိုငြင်မှုအရိပ်အယောင်တစ်စက်မှမရှိဘဲ ကြည်လင်သန့်စင်တဲ့မျက်လုံးတွေနဲ့သာ ငုံ့မိုးကြည့်နေတဲ့ချန်းယောင်းကိုတွေ့ရတယ်။

"လူတွေထပ်ပြီးသတိထားမိလိမ့်မယ်လေ"

ပြောရင်း ကုတ်အက်ျီကြောင့်ဖရိုဖရဲဖြစ်သွားတဲ့ဝန်ဘင်းဆံပင်တွေကိုသေချာပြန်သပ်ပေးနေတာမို့ ဝန်ဘင်း ချန်းယောင်းလက်ကိုခပ်ဖွဖွပုတ်ထုတ်ပစ်လိုက်တယ်။

"ဘယ်သူမှမရှိဘူး"

တကယ်ပဲ သူတို့ရောက်နေတဲ့လမ်းကြားလေးထဲမှာဘယ်သူမှရှိမနေပါ။ ဘယ်ကနေဘယ်ကိုချိုးခဲ့ ကွေ့ခဲ့သည်မသိဘဲ ဝန်ဘင်းက ချန်းယောင်းလက်ဆွဲခေါ်ခဲ့တဲ့နောက်ကိုပဲ ထပ်ကြပ်မခွာလိုက်ခဲ့မိတာကိုတွေးမိတော့ ကြက်သီးပင်ထချင်ချင်။ ဘယ်လိုသတ္တိမျိုးနဲ့များ အဲ့လိုလုပ်ခဲ့မိတာပါလိမ့်။

"ဒါပေမယ့် ဒါလေးတော့ဆောင်းထားလိုက်ပါ၊ ဟျောင်းအတွက်ပဲရည်ရွယ်ပြီး ကျွန်တော်ယူလာတာမို့"

အစီအစဉ်မရှိဘဲ လိုက်လာခဲ့ပြီးမှ လမ်းမှာဝင်ဝယ်ခဲ့ပုံရတဲ့လျှာထိုးဦးထုပ်အဖြူရောင်လေးက တံဆိပ်ပင်မဖြုတ်ရသေး။

"အဲ ... ဆောရီး"

ဝန်ဘင်းဆီကမ်းပေးပြီးမှ တံဆိပ်ကြိုးကိုသတိထားမိတဲ့ချန်းယောင်းက ဦးထုပ်ကိုပြန်ရုတ်ကာ ကိုယ်တိုင်တံဆိပ်ဖြုတ်ပေးပြီးမှ ဝန်ဘင်းကိုထပ်ပြီးကမ်းပေးလာတယ်။

ဒီလောက်အထိ အသေးအဖွဲကအစ ဂရုစိုက်မှဖြစ်မှာလား။ သတို့သမီးလောင်းရှိပြီးသားယောက်ျားတစ်ယောက်အနေနဲ့ အရင်က သူသိပ်သဘောကျခဲ့ပါတယ်ဆိုတဲ့လူတစ်ယောက်အပေါ်ကိုလေ။

အီချန်းယောင်းက တကယ်အကျင့်မကောင်းတာပဲ။

"မလိုဘူး"

တစ်ခွန်းတည်းပြောခဲ့ပြီး လမ်းမကြီးရှိရာကိုလျှောက်သွားမိတော့ အနောက်ကနေ သူရင်းနှီးနေတဲ့ခြေသံတဖပ်ဖပ်နဲ့လိုက်လာပြန်တာမို့ ခြေစုံရပ်ကာနောက်ပြန်လှည့်ကြည့်ရင်းရာဇသံပေးလိုက်တယ်။

Say YES To Me (COMPLETED)Where stories live. Discover now