> 12 <

602 78 3
                                    

Unicode

တရားခံကိုဖမ်းမိပြီးနောက်၂ရက်အကြာမှာပဲ စစ်ကြောရေးမှာ အဖြစ်မှန်တွေအားလုံးကိုဖွင့်ဟဝန်ခံခဲ့တော့ လူအများရဲ့အာရုံနဲ့ဝေဖန်ပြစ်တင်သံတွေဟာ ဝန်ဘင်းဆီကနေ အခြားတစ်ယောက်ဆီကိုပြောင်းလဲရောက်ရှိသွားတော့တယ်။ နောက်ကွယ်ကလူကတော့ အခြားမဟုတ်ခဲ့၊ သူတို့နယ်ပယ်ထဲက Entertainmentအသေးလေးတစ်ခုရဲ့တည်ထောင်သူပဲဖြစ်တယ်။

သူနဲ့ ဝန်ဘင်းရဲ့ကုမ္ပဏီCEOက ကျောင်းတုန်းကတည်းကပြိုင်ဘက်တွေဖြစ်ကြပြီး လုပ်ငန်းချင်းအတူတူတောင်မှ ဝန်ဘင်းတို့ကုမ္ပဏီကပိုပြီးအောင်မြင်လာတဲ့အတွက် ကုမ္ပဏီရဲ့အခရာဖြစ်တဲ့ဝန်ဘင်းကိုထိုးချခဲ့တာပါပဲ။ ဖြစ်စဥ်က သိပ်ကိုရိုးရှင်းလွန်းတော့ အမှုကလည်းမြန်မြန်ဆန်ဆန်ပဲပြီးဆုံးတယ်။

စာချုပ်သက်တမ်းပြည့်ဖို့လည်း ဘယ်လောက်မှမလိုတော့တဲ့အချိန်မှာ သူဌေးက ဝန်ဘင်းကိုလိုတာထက်ပိုပြီးဂရုစိုက်လာခဲ့ပြန်တယ်။ comebackလည်း စီစဥ်ပေးဦးမယ်ဆိုတော့ ဝန်ဘင်းမှာသိပ်ရယ်ချင်တာပဲ။ ကိစ္စတွေရဲ့အစမှာတုန်းက ဝန်ဘင်းကိုမယုံကြည်ခဲ့တဲ့လူတွေထဲမှာ သူဌေးကထိပ်ဆုံးကပါခဲ့တာမဟုတ်လား။ ဒါကြောင့်ပဲ အကိုထယ်ဂျွန်းကို သူ့ရဲ့ဂျူနီယာတစ်ယောက်ဆီပေးထားခဲ့တာပေါ့။ မကြာတော့တဲ့အချိန်အတွင်းမှာပဲ ဝန်ဘင်းကိုစွန့်လွှတ်လိုက်တော့မယ့်ပုံစံမျိုးနဲ့လေ။

ဝန်ဘင်းကတော့ စဥ်းစားဦးမယ်တစ်ခွန်းနဲ့ပဲ ကြိုးရှည်ရှည်နဲ့လှန်ထားဖြစ်ခဲ့တယ်။ ကိစ္စတွေအများကြီးဖြစ်ပျက်သွားတာမဟုတ်ပေမယ့် တွေးစရာတွေတော့များခဲ့ရပါတယ်။ သူ အောင်မြင်နေချိန်မှာ အကျိုးအမြတ်အတွက်နဲ့ လက်ဖဝါးချင်းချိတ်ပြီးနှုတ်ဆက်မယ့်လူတွေများသလောက် သူ ကျရှုံးသွားချိန်မှာ သူ့လက်ဖဝါးကိုဆွဲဲထူမယ့်လူတွေ ဘယ်နှစ်ယောက်များရှိခဲ့ပါသလဲ။

အဲ့လိုတွေးမိတိုင်းလည်း လူနည်းစုသောသူ့ပရိတ်သတ်တွေနဲ့ တည်ကြည်ပြတ်သားတဲ့ယောက်ျားတစ်ယောက်ရဲ့မျက်နှာကို သူ့မျက်လုံးထဲမြင်ယောင်လာစမြဲ။

ဒါကြောင့် အမှုကိစ္စတွေ ယတိပြတ်ပြီးပြတ်တဲ့နောက်မှာ သူက သူ့ဘက်မှာရပ်တည်ခဲ့တဲ့fan clubတစ်ခုနဲ့ညစာစားဖို့အတွက် ဖိတ်ခေါ်စာပို့ဖြစ်ခဲ့တယ်။ ပြီးတော့ ဘယ်သူမှန်းမသိတဲ့ သူ့ရှေ့နေလုပ်ပေးဦးမယ်ဆိုတဲ့ အကောင့်တစ်ခုကိုလည်း မမေ့စေရ။

Say YES To Me (COMPLETED)Where stories live. Discover now