> 5 <

491 61 4
                                    

Unicode

"Antonအတွက်"

ချန်းယောင်းတစ်ယောက် သူ့လက်ဖဝါးရဲရဲထဲရောက်လာတဲ့ အညိုရောင်တုတ်ထိုးချိုချဥ်လေးကိုကြည့်ပြီး မိန့်မိန့်ကြီးပြုံးနေတာမရပ်တော့။

"စားလေ"

"မစားပါဘူး သိမ်းထားမှာ"

"ဘာလို့? ဟျောင်းက စားစေချင်လို့ဝယ်လာပေးတာလေ"

"ဟျောင်းပေးတဲ့ပထမဆုံးလက်ဆောင်လေးမို့မစားရက်ဘူး အမှတ်တရသိမ်းထားမှာ"

ရုပ်တည်တည်နဲ့မာန်ပါပါဆိုတဲ့ချန်းယောင်းစကားကို ဝန်ဘင်းဟျောင်းက သဘောတကျရယ်လေတယ်။ ဘာလို့လဲ၊ သူက တကယ်ပဲအလေးအနက်ပြောတာကို။

"အဟက် .... ကလေးက ကလေးစကားပြောရတယ် Antonရဲ့"

"ကလေးမဟုတ်ပါဘူးဆို"

"ကလေးဟုတ်ပါတယ်၊ one setလေးနဲ့ချစ်စရာလေး"

သူဝတ်ထားတဲ့အပြာရောင်တီရှပ်စင်းနဲ့ဘောင်းဘီအပြာလေးကိုငုံ့ကြည့်ပြီး ချန်းယောင်းကဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်တယ်။

အဲ့ဒီနေ့ကစပြီး ၁၃နှစ်သား ချန်းယောင်းကိုယ်ပေါ်မှာ ချစ်စရာကောင်းတဲ့ဝမ်းဆက်လေးတွေကို ဘယ်တော့မှထပ်ပြီးမတွေ့ရတော့ဘူး။

//////

"ဟျောင်း ကြည့် ... ကျွန်တော်ကလေးမဟုတ်ဘူးနော်"

ကျောင်းကပြန်လာတဲ့ဟျောင်းရှေ့မှာပိတ်ရပ်ပြီး ခါးထောက်လို့မော့ကြည့်ရင်းပြောလိုက်တော့ မြင်လိုက်ရတဲ့ဒဏ်ရာတွေကြောင့် ချန်းယောင်းရင်ထဲမျက်ခနဲ။

"ဘာဖြစ်ခဲ့တာလဲ ဟျောင်း၊ အဆင်ပြေရဲ့လား၊ ကျွန်တော်ဆေးသွားဝယ်ပေးမယ်"

လှစ်ခနဲပြေးသွားတော့မယ့်ချန်းယောင်းလက်ကို ဟျောင်းက မြန်မြန်ဆန်ဆန်ပြန်ဆွဲထားပြီး ...

"ဟျောင်းဆေးလိမ်းထားပြီးပြီ"

"ဒါပေမယ့် နီရဲနေတုန်းပဲ"

မကျေနပ်နိုင်စွာပဲ ချန်းယောင်းက မျက်နှာငယ်လေးနဲ့အထွန့်တက်မိတယ်။

သွေးစို့နေဆဲဖြစ်တဲ့ ဟျောင်းရဲ့ဘယ်ဘက်ပါးရိုးနဲ့ နှုတ်ခမ်းထောင့်ကဒဏ်ရာဟာ သူ့ကိုလည်းထပ်တူနာကျင်စေတာကြောင့်။

Say YES To Me (COMPLETED)Where stories live. Discover now