Chapter-(8) Cat crisi

393 65 1
                                    

Unicode

နောက်တစ်နေ့တွင် ချန်ယုသည်
ရှုမြောင်မြောင်အတွက် မနက်စာမပြင်ပေး
သည့်အပြင် ရေပင် မသောက်ခိုင်းပေ။

"Meow?"နတ်ဘုရားကြီးရေ ၊ဘာတွေလုပ်​နေတာလဲ?? ငါရဲ့ အစားရွေးတတ်တဲ့အကျင့်ဆိုးကို ဖျောက်မလို့လား?

အရင်နေ့တွေနှင့်မတူဘဲ ချန်ယုသည်
မနက်တိုင်းလုပ်လေ့ရှိသည့် အလုပ်တွေကို အလျင်စလိုမလုပ်ဘဲ သူကို အချိန်အကြာကြီး ပွေ့ဖက်ကာဂရုစိုက်ပေးခဲ့သည်။
ချန်ယုသည် အချိန်အကြာကြီး စိတ်ရှည်စွာပွတ်သပ်ပေးပြီးနောက်တွင် ချန်ယုထံမှ love valueများသည် မရေတွတ်နိုင်အောင် တိုးလာလေ သည်။ထို့နောက် ချန်ယုသည် အပြင်သို့ခေါ်သွားခဲ့သည်။မနေ့က စည်သွပ်ဗူးတစ်ကိုက်စာကိုစားခဲ့ပြီးနောက်တွင်
ရှုမြောင်မြောင်သည် တတ်ကြွနေခဲ့ပြီး သူသည် ကားသွားနေစဥ် အိပ်မပျော်သ​ဖြင့်
ပျင်းလာကာ Group အတွင်းသို့ဝင်လိုက်လေသည်။

group အတွင်းသို့ဝင်ဝင်ချင်း ရွှေရောင်ကွပ်ထားသည့်စာအိတ်နီကြီးတစ်အိတ်သည် ရုတ်တရက် ပေါ်လာခဲ့ပြီး သူ၏စာဖတ်
စွမ်းရည်ကို အစွမ်းကုန်အသုံးချကာ စာကြောင်း10ကြောင်းလုံးကို စက်လိုမျိုး တစ်ပြိုင်နက်ထဲ ဖတ်လိုက်လေသည်။စာအိတ်နီကို ပို့ပေးသူမှာ ထမင်းလုံးလေး​
ဖြစ်သည်။ သူ ခဏလောက်စဉ်းစားလိုက်ပြီးစာအိတ်နီကို ထိလိုက်သည်။ယခုတစ်ခါ သူ၏ Love value 200သည် နှုတ်ယူခံလိုက်ရပြီး ရှုမြောင်မြောင်သည် အလှဲအလှယ်အနေဖြင့် ကြောင်စာစည်သွပ်ဘူးခြောက်ကိုက်စာကို ရရှိခဲ့သည်။

[အော်စကာ]- @ထမင်းလုံးလေး၊ မင်း ဘာလို့ ဈေးနှုန်းကိုမြင့်လိုက်တာလဲ။

[ထမင်းလုံးလေး] - ( =∩ω∩= ) အခုဟာက အရမ်းရှားတယ် ပြီးတော့ ဖော်မြူလာအဆင့်လည်းမြှင့်ထားတာ အရင်တုန်းက မူလခွန်အားထက် 5ဆ‌လောက်ဘဲတိုးပေမဲ့ အခုက 10ဆလောက် တိုးစေတယ်။

[အခြေခံအုတ်မြစ်လေး]:မင်း ဈေး​မြှင့်လို့ရတယ်။

[မီဂူး]- မင်းရဲ့ ပိုင်ဆိုင်မှုတွေ ထပ်တိုးလာလို့လား။

[အခြေခံအုတ်မြစ်လေး]- 50မီလီယမ်လောက်ရှိပြီ။? (? ???ω????)?အခုတလော သူ ငါ့ကို အရမ်းချစ်လာတာ။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now