Unicode
နောက်တစ်နေ့မနက် ချန်ယု အပြင်သွားသည်နှင့် ရှုမြောင်မြောင်သည်
စာအိတ်နီgroupအတွင်းသို့ ပထမဆုံး
ဝင်ကြည့်လိုက်သည်။ယခု ရက်ပိုင်းတွင် သူသည် စာအိတ်နီများကို မကြာခဏဖမ်းယူနေသည့်အတွက်
ရှုမြောင်မြောင်သည် group အတွင်းသို့ စာအိတ်နီခပ်ကြီးကြီးတစ်ခုပို့လိုက်သည်။ ထိုစာအိတ်နီအတွင်းတွင် love value 1000 ပါဝင်ပြီး ထုတ်ယူလို့ရသည့်ပမာဏကို အနည်းဆုံး 0မှ စတင်သတ်မှတ်ထား
လေသည်။ထိုသို့ အခမဲ့ဖမ်းယူရန်ပေးသည်ကို
ပထမဆုံး မြင်ဖူးသည် ဖြစ်ရာ
ကြောင်များအားလုံးသည် အလွန်အံ့သြ သွားတော့သည်။[ထမင်းလုံးလေး]- ငါ love value 100 ရလိုက်တယ်။
[မီဂူး]- မီဂူးလည်း love value 30 ရတယ်။
[အခြေခံအုတ်မြစ်လေး]- Ah,အဲ့လိုစာအိတ်နီတွေရှိတယ်ပေါ့။
[ကျားလေးမီမီ]- Hahahaha ငါက 170တောင် ဖမ်းမိလိုက်တယ်။
[အနီရောင် မီးပုံကြီး]- ငါက love value 3ခုပဲရတယ်!။ ငါရဲ့ကြောင်စွမ်းရည်က အရမ်းဆိုးနေလို့လား။
[ စွမ်နီ ]- '' ..... ''
[ စွမ်နီ ]- ဒီဥက္ကဌက 0.8ဘဲရတယ်၊အဲ့မှာ 0.8ဆိုတဲ့ဂဏန်းတကယ်ရှိတယ်ပေါ့။
ရှုမြောင်မြောင်သည် ဒေါသထွက်ကာ
တစ်ကိုယ်လုံး စိတ်ပျက်လက်ပျက် ဖြစ်နေ
သည့် group ခေါင်းဆောင်ကြိးကို ကြည့်ကာရယ်မောလိုက်သည်။နောက်တစ်စက္ကန့်တွင် သူ၏ စာမျက်နှာပြင် ပေါ်တွင် အမှားခြစ် လက္ခဏာတစ်ခု ပေါ်လာခဲ့သည်။
[သင်ကို groupခေါင်းဆောင်မှ 3နာရီ banလိုက်သည်။]
[စွမ်နီ ]- ခေါင်းဆောင်က ဒီကိစ္စကို ကြိုတင်
ကြံစည်မှုတစ်ခုလို့ မြင်မိ တယ်။
@အော်စကာ ကိုယ်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ။ရှုမြောင်မြောင်- ဝူးဝူး...
လူအိုကြီး !!! ကိုယ်ဘာသာရအောင် မယူနိုင်ဘဲ ငါကိုလာ အပြစ်တင်နေတယ်။
ရှုမြောင်မြောင်သည် အမွှေးများထောင်လာသည့်အထိ ဒေါသထွက်ကာ
စိတ်ပျက်လက်ပျက်ဖြင့် groupအတွင်းမှ ထွက်လာလိုက်သည်။
YOU ARE READING
စာအိတ်နီအုပ်စုနှင့်ကြောင်လေး
Romancestatus in COO- 93 Chapters + 8 extras I don't own this story. Full credits to original author and Eng tranalator.