Unicode
အချိန်မရွေးအိမ်ပြန်လာနိုင်သည့် ချန်ယုကိုသတိထားနေရင်း ရှုမြောင်မြောင်သည် ခက်ခက်ခဲခဲစာရိုက်နေလိုက်သည်။ ည12နာရီခန့်ရောက်သောအခါ သူ့လက်ဖဝါးလေးသည်အလွန် ကိုက်ခဲလာရပြီး သူ့ခေါင်းမှာလည်းမူးဝေလာရသည်။ သူ၏ typing တိုက်ပွဲကို ကြည့်လိုက်သောအခါ လေး ငါး ခန်းပင်ကျန်နေသေးပြီး ထိုအပိုင်းများ ပြီးရန် နောက်နှစ်နာရီခန့်အချိန်ယူရဦးမည်ဖြစ်သည်။
ချန်ယုသည် ဖုန်းဖြေကာထွက်သွားပြီးတည်းက အခုချိန်ထိပြန်မလာသေးပေ။
ရှုမြောင်မြောင်သည် ချန်ယု ဒီညပြန်မလာနိုင်လောက်ဘူးလို့ခန့်မှန်းလိုက်သည်။အကယ်၍
သူပြန်လာခဲ့လျှင်ပင် အလွန်ပင်ပန်းလာသော
ကြောင့် တန်းအိပ်ပျော်သွားမည်ဖြစ်သည်။ ထို့ကြောင့်သူသည် ညလယ်မှ ထ editရန်နှင့် အသွင်းပြောင်းဆေးရည်ကုန်မှသာ အနားယူရန်ဆုံးဖြတ်လိုက်သည်။ရှုမြောင်မြောင်သည်ရေသောက်ရန်စျေးကြီးသည့်ရေသန့်စက်ဆီသို့ပြေးသွားလိုက်သည်။
ထို့နောက် သူ၏လက်ဖဝါးလေးများကိုလျှက်လိုက်ပြီး ဆိုဖာပေါ်တွင်လှဲလျောင်းကာ group chatအတွင်းသို့ဝင်လိုက်သည်။မှတ်တမ်းများကိုဝင်ကြည့်လိုက်သောအခါ group adminသည်အဖွဲဝင်သစ်များထပ်ထည့်ထားသည်ကိုတွေ့လိုက်ရပြီးထိုထဲကတစ်ကောင်တွင် [ဟေးမင်]ဟုရေးထားသည့်အရမ်းမိုက်သည့်IDရှိနေပေသည်။
အံ့သြစရာကောင်းသည်မှာ ထိုIDနှင့်ကြောင်သည် သူ့တစ်ယောက်တည်းအတွက် ''စာအိတ်နီဖမ်းယူခြင်း'' moodကို on ထားလေသည်။
ပြောရမည်ဆိုလျှင် သူ စာအိတ်နီများကိုကြဲလိုက်သည်နှင့် ထိုကြောင်သည်သူ့စာအိတ်နီများကိုချက်ချင်းဖမ်းယူနိုင်မည်ဖြစ်သည်။ သို့သော် groupအတွင်းသို့ရှုမြောင်မြောင် စာအိတ်နီကျဲပေးသည့်အရေအတွက်မှာ အလွန်နည်းပေသည်။
ငါ့မှာ ဘာစိတ်ဝင်စားစရာရှိလို့လဲ???
ပရိုဖိုင်ကိုနှိပ်ကြည့်လိုက်သောအခါ နားရွက်တွင် ရွှေရောင်အမွှေးများကွပ်ထားသည့် အမဲရောင်ကြောင်တစ်ကောင်၏ပုံပေါ်လာသည်။ထိုကြောင်သည်အလွန်ထက်မြက်ကာ အရိုင်းဆန်မည့်ပုံပေါ်သော်လည်း
ရှုမြောင်မြောင်သည် သူ့ကို တစ်ခါမှမမြင်ဖူးပေ။
YOU ARE READING
စာအိတ်နီအုပ်စုနှင့်ကြောင်လေး
Romancestatus in COO- 93 Chapters + 8 extras I don't own this story. Full credits to original author and Eng tranalator.