Unicode
ကြောင်လေးသည် သန့်ရှင်းနေပြီး ကြောင်လေး၏ခြေသည်းလေးများသည်လည်း
သပ်ရပ်စွာညှပ်ထားသည်ကို ကြည့်ရုံဖြင့်ပင် ကြောင်ပိုင်ရှင်သည် ကြောင်လေးကို
သေချာဂရုစိုက်မွေးမြူထားမှန်းသိနိုင်ပေသည်။သို့သော် ထို့သို့ မွေးမြူခံထားရသည့် ကြောင်လေးသည် စိုးရိမ်ဖွယ်ကောင်းအောင်ပိန်လှီနေပြီး သူ၏ အရေပြားပေါ်တွင်လည်း အမွှေးများ အကွက်လိုက် အကွက်လိုက် ပြောင်နေသည်။
စိတ်ဆင်းရဲစရာ အကောင်းဆုံးအရာမှာ ကြောင်လေး၏ မျက်လုံးအိမ်တစ်ဝိုက်ရှိ အမွှေးများသည် တစ်စုံတစ်ရာ၏ လောင်ကျွမ်းခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေခြင်းပင် ဖြစ်သည်။
အနာများသည် သက်သာသွားပြီ ဖြစ်သော်လည်း နီရဲနေသည့် အသားများသည် မျက်လုံးအိမ်ထဲမှ အပြင်သို့အံထွက်နေသည်မှာ အလွန် ထိတ်လန့်ဖွယ်ကောင်းလွန်းလှပေသည်။ ကြောင်လေး၏ မျက်လုံးတစ်စုံသည်လှပပြီး ခရစ်စတယ်ကဲ့သို့ ကြည်လင်နေ
သင့်သော်လည်း ယခုတွင်မူ မျက်လုံးများသည် တိမ်စွဲ နေကာ တတ်ကြွမှုအနည်းငယ်သာရှိနေသည်။ကြောင်လေးသည် စားပွဲပေါ်တွင်သနားစဖွယ် ငုတ်တုတ်ထိုင်နေပြီး တိုးတိုးလေး အော်ညည်းနေသည်။
ဝန်ထမ်းများ၏ မျက်လုံးသည်တဖြည်းဖြည်း
နီရဲလာကြပြီး ရှောင်ကွမ်းသည်လည်း ငိုချကာ မေးလိုက်သည်။"အို.....ဘုရားရေ ဘယ်လိုဖြစ်ပြီး ဒီလို ပုံစံ ဖြစ်သွားရတာလဲ။ မင်းရဲ့ဖျော်ဖြေပွဲမှာ ဧည့်သည် အဖြစ် ပေါ်လာတုန်းကတောင်
သူဘယ်လောက် ကျန်းမာပြီး တက်ကြွလိုက်သလဲ ''ကျန်းမိန်မိန်သည် ချောင်းတစ်ချက်ဆိုးလိုက်ကာ ပြန်ဖြေလိုက်သည်။
"ငါရဲ့အရင်ယောက်ျားက သူ့ဒေါသဖြေဖို့ ကြောင်ရဲ့မျက်နှာကို အက်စစ်တွေနဲ့ ပက်လိုက်တာ။ ငါသူကို ဆေးခန်း အမြန်ခေါ်သွားခဲ့ပေမဲ့ သူ့မျက်လုံးက နာကျင်နေတုန်းပဲ။ တိရစ္ဆာန်ဆရာဝန်တွေကတော့ သူရဲ့မြင်နိုင်စွမ်းက သာမန်ကြောင်တွေရဲ့ဆယ်ပုံတစ်ပုံဘဲရှိတော့တယ်တဲ့။"
YOU ARE READING
စာအိတ်နီအုပ်စုနှင့်ကြောင်လေး
Romancestatus in COO- 93 Chapters + 8 extras I don't own this story. Full credits to original author and Eng tranalator.