Chapter-(30)

167 45 2
                                    

Unicode

ချန်ယု သိသွားပြီ!!!

သူကအသွင်ပြောင်းတာကိုသက်သေပြဖို့အချိန်အကြာကြီးသက်သေတွေစုဆောင်းနေခဲ့တာပဲ

ရှုမြောင်မြောင်သည် အလွန်ထိတ်လန့်သွားပြီး မသိစိတ်မှ သူ၏ခေါင်းကိုယမ်းကာ ဝန်ခံရန် ငြင်းဆိုလိုက်သည်။

''သက်သေလုံလောက်တယ် ရှုမြောင်မြောင်''

ချန်ယုသည် အနည်းငယ်ပြုံးလိုက်သော်လည်း သူ၏အမူအရာမှာလေးနက်နေဆဲဖြစ်သည်။

''မင်းက ကိုယ့်ကိုကြောင်တွေမချစ်တတ်ဘူးဆိုပြီး ငြင်းလိုက်ပြီးတော့ ကိုယ်ရဲ့ကြောင်အဖြစ်အချိန်အတော်ကြာအတူတူရှိနေပေးတယ်ပေါ့ အံ့သြစရာပဲ''

ရှုမြောင်မြောင်: ''......''

''ကိုယ် လှည့်စားခံလိုက်ရသလိုပဲ''

ချန်ယုသည် ခဏမျှရပ်တန့်လိုက်ပြီး

''ကိုယ် နည်းနည်းစိတ်ဆိုးတယ်''

ရှုမြောင်မြောင်သည် အပြင်းအထန်ညည်းတွားပြလိုက်သည်။

'မင်းကို လှည့်စားဖို့ မရည်ရွယ်ပါဘူး မင်းရဲ့အော်စကာကပဲ ငါ့ကိုပြောင်းပစ်လိုက်တာ
ပြိီးတော့ သူက လျို့ဝှက်ချက်ကိုလုံးဝမထုတ်
ဖော်ရဘူးဆိုပြီး ခြိမ်းခြောက်ခဲ့သေးတယ်'

ဒါပေမဲ့အခု သက်သေတွေအများကြီးရှိနေပြီဆိုတော့ သူ ငြင်းလို့ရပါတော့မလား~~~

အပြစ်သားလေး ရှုမြောင်မြောင်သည် သူ၏
ခေါင်းကိုညင်သာစွာယမ်းလိုက်ပြီး နှုတ်သီးမာ ဘဲသေတစ်ကောင်ကဲ့သို့ပြုမူရင်းချန်ယုကိုရှင်းပြလိုက်သည်။

ချန်ယုသည် သူ့ကိုသေချာစိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက်ပြုံးလိုက်သည်။

''မင်း ငြင်းမယ်ဆိုတာ ကိုယ်သိသားပဲ ဒါဆို ကိုယ်တို့ဆက်ကြည့်ကြတာပေါ့''

ခိုင်လုံသည့်သက်သေအထောက်အထားများသည်ပင် ရှုမြောင်မြောင်၏ပါးစပ်ကိုဖွင့်နိုင်မည်မဟုတ်မှန်း ချန်ယု နားလည်ပြီးဖြစ်သည်။

တစ်ဖက်တွင်လည်းသူသည် ရှုမြောင်မြောင်ကိုရိုက်နှက်မစစ်ဆေးနိုင်သောကြောင့်တန်ပြန်အစီအစဥ်ကိုသာစဥ်းစားလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Oct 28 ⏰

Add this story to your Library to get notified about new parts!

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now