Chapter-(23)

338 69 9
                                    

Unicode

မနက်အစောကြီးတည်းကပင် စာရေးမ
ရှောင်ကွမ်းသည် အ​ပေါက်ဝရှိ မှန်ချပ်ကို
သေချာပွတ်တိုက်သန့်စင်နေပြီဖြစ်သည်။

ယခင်က ထိုမှန်တွင် ချစ်စရာကြောင်​လေး
တစ်ကောင်ပုံကို ကပ်ထားသော်လည်း ယခုအခါတွင် ထိုစတစ်ကာကို  ဖယ်ကာ
ရှုမြောင်မြောင်၏ပုံကို ကြော်ငြာရန် ကပ်ထားလိုက်ပြီဖြစ်သည်။

ရှုမြောင်မြောင် ဆိုင်တွင်​နေသည့် ပထမဆုံးနေတွင် ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲလုပ် ပြီးသည်မှာ
မကြာသေးသောကြောင့် ရှုမြောင်မြောင်၏
နာမည်ကြီးလာမှုမှာလည်း  အရှိန်မရပ်တန့်သေးပေ။အိမ်မွေးတိရစ္ဆာန်မရှိသည့် တိရစ္ဆာန်ချစ်သူများသည်ပင် ဆေးကုခန်းသို့ လာရောက်ကြပြီး ပန်းသီးငယ်လေးသီချင်းကို ကနိုင်သည့် မှော်ဝင် ကြောင်ကို လာကြည့်ကြသောကြောင့် တံခါးဝသည် လူများဖြင့်
အပြည့်ကျပ်နေလေသည်။

သို့သော်  ယခုလာရောက်ကြည့်ရှုသူများသည် သတင်းစာရှင်းလင်းပွဲမှ လူများနှင့် ကွာခြားကြပေသည်။လာကြည့်ကြသူ
အများစုမှာ  ကြောင်များအကြောင်းကို
မသိနားမလည်ကြပါ။ ထို့ကြောင့် မီးအလင်းရောင်များသုံးကာ ဓာတ်ပုံရိုက်ကြပြီး ထိုအလင်းများ​ကြောင့် ရှုမြောင်မြောင်၏ မျက်လုံးများပင် အလွန်စပ်နေရှာလေသည်။

သို့သော် love value အများကြီးရရှိလိုသောကြောင့် ရှုမြောင်မြောင်သည် ထိုင်ခုံပေါ်တွင် နာခံစွာငြိမ်ငြိမ်လေး​ထိုင်နေပြီး သူ၏ လက်ဖဝါးလေးဖြင့် မျက်လုံးများကို ပွတ်နေရရှာသည်။

ထိုအခြင်းအရာကို မြင်လိုက်ရသဖြင့် ချန်ယုနှင့် ဝန်ထမ်းများသည် အလွန်ဝမ်းနည်းသွား
ကြပြီး ကြည့်ရှုသူများကို ဒေါသတကြီးအော်လိုက်သည်။

"ဓာတ်ပုံရိုက်တဲ့အခါ ဖလက်မီးထည့်မရိုက်ကြပါနဲ့''

၁.၉မီတာနီးပါးရှိသည် ချောမောလှသည့်ယောကျ်ားတစ်ယောက်နှင့်သူနောက်ရှိခွန်အားပြည့်ဆိုင်ဝန်ထမ်းတစ်စုကြောင့်  လူထုသည် နောက်ဆုံးတွင် ငြိမ်ကျသွားစေသည်။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now