"ဒါက Hero ဝင်လာရမဲ့ အခန်းလား "အသံလာရာ Bar၏အပေါက်ကို လှည့်ကြည့်မိတော့ လွန်း မျက်ဝန်းများပြူးကျယ်ကာသွားရသည်
ဟအမ်း တခုခုဖြစ်မှာက ခုမှစဖြစ်တော့မှာထင်တယ်
လက်နှစ်ဖက်ကို ဘောင်းဘီဘေးအိတ်ထဲထည့်ကာ စမတ်ကျကျလျှောက်လာသည် ခြေလမ်းတို့က ရူတ်ရူတ်သဲသဲဖြစ်နေသော လွန်းတို့ဆီသာဦးတည်လို့နေသည် မျက်နှာအနေထားကတော့ တင်းမာလို့နေသည် ဒီချိန် လွန်းတွေးမိသည်က ထွက်ပြေးသွားဖို့ပင် နှစ်တွေအကြာကြီးနေမှ ဒီလူဘာလို့ပြန်ပေါ်လာရသည်လည်း
တုန်ယင်လာသော နူတ်ခမ်းဖျားတို့ကနေ ရင်းနှီးပြီးသား နာမ်စားလေးတစ်ခုက အလိုအလျောက်ဖွင့်ဟလာခဲ့သည်"တော်..ဝင် "
"မင်းမောင် ငါနာမည် တော်ဝင်မင်းမောင် "
တော်ဝင်က လွန်းကို မျက်ဝန်းသေတို့ဖြင့်ကြည့်သည် ပြီးလျှင် နူတ်ခမ်းတဖက်ကို လူပ်ရုံသာ တွန့်ချိူးပြလိုက်ရင်း
"တော်ဝင် လို့ခေါ်ဖို့ မင်းမှာအရည်ချင်းမရှိဘူး လွန်း စေ ရာ နောင်"
သူနာမည်ကို တစ်လုံးချင်းစီ အားထည့်ခေါ်လိုက်တာမို့ လွန်း မျက်ခုံးများပင် လူပ်သွားရသည်
"သူက ဘယ်သူလည်း ကိုလွန်း "
ရွှေရတီ က တော်ဝင်ကို မကြည်သလိုလေးကြည့်ကာ မဲ့ရွဲ့၍မေးသည် ဦးခန့်ထည်ဝါကလည်း လွန်း ၏ အဖြေကိုစောင့်နေသလိုလေးကြည့်သည်
"မသိဘူး "
"အဟက် တကယ်မသိတာလား ဒါဆို အစကနေပြန်သိအောင်လုပ်ရတော့မှာပဲ"
"တော်ဝင်မင်းမောင် ခင်ဗျာဘာတွေထပ်ပြီး.. ကျစ် တကယ့် အာရုံပဲ "
"မင်းမသိဘူးဆိုလို့လေ ပြီးတော့ "
တော်ဝင် က ဦးခန့်ထည်ဝါဖက်ထားသော လွန်း၏ပခုံးများကို သူ့အနားသို့ဆွဲယူကပ်လိုက်သည် လွန်း ရုန်းပေမဲ့ အားသန်လွန်းတဲ့ တော်ဝင်ကိုမယှဥ်နိုင်ပေ
"ကျုပ်အပိုင်ဖြစ်လာမဲ့ အရာမှန်သမျှ တခြားလူထိတာမကြိုက်ဘူး"
"နေပါအုန်းမောင်ရင် လွန်းစေရာ က မင်းကိုမသိဘူးလို့ပြောနေတယ်လေ"
YOU ARE READING
My Ex-boyfriend My husband [ Ongoing ]
Fanfictionဒုတိယသိမ်းပိုက်ခြင်းက ခင်ဗျာကိုချစ်လွန်းလို့ပါ Warning❗: ⚠+ အတွေးသက်သက်သာရေးထားသော ဝတ္ထုမို့အပြင်လောကနှင့်ယှဥ်တွဲမမြင်ကြဖို့မေတ္တာရပ်ခံပါတယ်ရှင့် }