AB Company ၏ အဓိကခန်းမတွင် စီးပွားရေးလုပ်ငန်းရှင်များစွာက တော်ဝင်၏ခေါ်ယူ အစည်းဝေးလုပ်ခြင်းကိုခံနေရသည် အကြောင်းမှာ လိုခဲ့သောပတ်က တော်ဝင်ဦးဆောင်ခဲ့သော အလုပ်တစ်ခုကို ကြားဝင်ဖြတ်ယူသွားသူပေါ်လာခြင်းပင် ထိုလူကသူ၏ပြိုင်ဖက်ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် ခုရှိနေသော လူတွေထဲကလည်းဖြစ်ချင်ဖြစ်နေနိုင်သည်မို့ သေချာအကဲခတ်ယူနေရသည် ဂျိတ်လည်းပဲ တော်ဝင်ဘေးတွင်ရပ်ကာ ရှယ်ယာရှင်တွေ၏မျက်နှာကို အသေအချာလိုက်ကြည့်နေသည်
" ခင်ဗျာတို့က မဖြစ်စေဖို့ပဲ "
တော်ဝင်၏စကားကြောင့် အားလုံးက မျက်နှာပျက်သွားကြသည်
" တကယ်လို့ ခင်ဗျာတို့ထဲကဖြစ်ခဲ့ရင် ရှယ်ယာပါဝင်ထားတာတွေ ဘာတွေ စဉ်းစားနေမှာမဟုတ်ဘူး
တည်ငြိမ်ပြတ်သားစွာထွက်ပေါ်လာသောအသံက တကယ်လည်း ဘာမှစဉ်းစားနေမှာမဟုတ်သည့်ပုံပေ
" ကျုပ်ကို ရိုက်ချိုးချင်တဲ့ဆိုရင်တော့ အရင်အောက်ခြေခိုင်အောင် လုပ်ထား "
ထို့သို့ပြောကာ တော်ဝင်က အခန်းထဲမှထွက်ရန်ပြင်လိုက်သည် သို့သော် တံခါးဝနားရောက်ရင်ဖြင့် နောက်သို့ပြန်လှည့်ကြည့်ကာ ခနဲသလိုရယ်လျက်
" ကျုပ် ပြန်ရိုက်ချိုးရင် မထူနိုင်မှစိုးလို့...
ဝုန်း!!..
တံခါးကိုစောင့်ပိတ်ကာ ထွက်သွားသည်.. သူ၏အလုပ်ရုံးခန်းသို့ရောက်တော့ ဦးမာန်သစ် က မားမားကြီးရပ်၍စောင့်နေသည်ကိုတွေ့လိုက်ရသည်
" ဂျိတ် အဲ့လူတွေရဲ့ လူပ်ရှားမူကိုစောင့်ကြည့်ထား "
ဦးမာန်သစ် မကြားအောင် ဂျိတ်နားသို့ အသာလေးကပ်ကာပြောလိုက်သည် အလိုက်သိသော တပည့်က ခေါင်းကိုညိမ့်ပြ၍ထွက်သွားသည်
"ထိုင်ပါအုန်း "
"ရတယ် မထိုင်တော့ဘူး ပြောစရာရှိလို့လာခဲ့တာ "
ပြော ဆိုသည့် သဘောဖြင့် တော်ဝင်က မျက်စပြစ်ပြလိုက်သည် ပြီးသော အလုပ်ခန်းရှိ ဇိမ်ခံဆိုဖာပေါ်သို့ ထိုင်ချကာ ကျောတို့ကိုနောက်သို့ မှီလျော့ချလိုက်သည်
YOU ARE READING
My Ex-boyfriend My husband [ Ongoing ]
Fanfictionဒုတိယသိမ်းပိုက်ခြင်းက ခင်ဗျာကိုချစ်လွန်းလို့ပါ Warning❗: ⚠+ အတွေးသက်သက်သာရေးထားသော ဝတ္ထုမို့အပြင်လောကနှင့်ယှဥ်တွဲမမြင်ကြဖို့မေတ္တာရပ်ခံပါတယ်ရှင့် }