တော်ဝင်မင်းမောင် ဆိုသောသူသည် ရူးကြောင်ကြောင်စကားတွေအရမ်းပြောနိုင်သူဖြစ်သည် ကြောင်တောင်တောင်စကားတွေပြောပြီး အခန်းထဲကထွက်မလာတော့ ရှက်ရမယ်လူက သူလား ကိုယ်လားမသဲကွဲချေ ၊
ထမင်းစားခန်းထဲတွင်တိတ်ဆိတ်လို့နေ၏ စားပွဲပေါ်လက်နဲ့တဒေါက်ဒေါက်ခေါက်နေသောအသံက တော်ဝင်ဆီကထွက်လာသည် နှစ်ယောက်စာပြင်ထားသော ထမင်းဟင်းတွေက အေးလို့ပင်နေကုန်သည် ခနကြာတော့ လှေကားတိုင်းဆင်းလာသော ဂျိတ်က မျက်နှာမလှစွာဖြင့်ခေါင်းခါပြရင်း
"ကိုလေးလွန်း က မစားဘူးတဲ့ "
" ကျစ်!
စုတ်တချက်သတ်ကာ နေရာမှထထွက်၍ အပေါ်ထပ်သို့သွားသောလှေကားတိုင်းတပ်သွား၏ ဘောစ့်လုပ်သူဆီကသက်ပြင်းချသံကို ဂျိတ် ကြားလိုက်ပါရဲ့ ဘောစ့်ကတော်ရုံဆို သက်ပြင်းမချတက် ထိုသို့သက်ပြင်းချရင် အရူံးပေးပြီးသားဖြစ်တဲ့ လူညံတစ်ယောက်နဲ့တူလို့တဲ့လေ
အပေါ်ထပ်သို့ရောက်သည်နှင့် မျက်စောင်းထိုးလောက်မှရှိတဲ့ လွန်းအခန်းထံသို့ အသံပေးပဲဝင်သွားလိုက်သည် တံခါးဖွင့်သံကြားတော့ အင်္ကျီလဲနေသော လွန်းက အလန့်တကြားလှည့်ကြည့်လာ၏..
"သူများအခန်းထဲဝင်ရင် အသံပေးရမယ်ဆိုတာ မသိဘူးလား"
"ဒါကျုပ်အိမ်ပဲ ကျုပ် ကြိုက်သလိုလုပ်လို့ရတယ်"
တော်ဝင်ဆီက ပြန်ချေပပြောဆိုတပ်သော အစွမ်းရှိသည့်အလား
သူမျက်နှာမဲ့ကာ ဝတ်နေလက်စရှိသော အင်္ကျီဆီကိုအာရုံစိုက်လိုက်သည်"ထမင်းစားမယ် ဆင်းလာခဲ့ "
"မစားဘူး "
"ကျစ်! ခင်ဗျာမဆိုးနဲ့ဗျာ "
"ဆိုးတာက ဘယ်သူလည်း ငါလား မင်းလား "
ဟင်းးးးး
သူသက်ပြင်းထပ်ချမိပြန်၏
"Ok ကျုပ်ဆိုးတာ ဟုတ်ပြီးလား "
"မဟုတ်သေးဘူး မင်းရူးကြောင်ကြောင်စကားတွေပြောပြီး ငါကတမင်ရှောင်နေတာကျတော့ကော "
အဟက်
ခက်ထန်နေသောမျက်နှာက ချက်ချင်းဆိုသလို ကြည်လင်ကာ နူတ်ခမ်းတို့ကပြုံးယောင်သမ်းလို့သွား၏
YOU ARE READING
My Ex-boyfriend My husband [ Ongoing ]
Hayran Kurguဒုတိယသိမ်းပိုက်ခြင်းက ခင်ဗျာကိုချစ်လွန်းလို့ပါ Warning❗: ⚠+ အတွေးသက်သက်သာရေးထားသော ဝတ္ထုမို့အပြင်လောကနှင့်ယှဥ်တွဲမမြင်ကြဖို့မေတ္တာရပ်ခံပါတယ်ရှင့် }