ရင်ခွင်ထဲတွင်နှစ်ခြိုက်စွာအိပ်ပျော်နေသူအား မမှိတ်မသုံကြည့်မေမိ၏ မျက်တောင့်ထောင့်နားလေးတွင် ငိုထားခဲ့သောမျက်ရည်စက်တို့မှာပင်မခြောက်သေး၊ လက်မောင်းပေါ်ခေါင်းတင်ကာအိပ်နေတာမို့ တော်ဝင်လက်မောင်းတဖက်မှာကျင်တက်လို့နေပြီးဖြစ်သည် သို့သော်လည်း ထိုလက်လေးအားဆွဲထုတ်ဖို့တစိုးတစိမျှတောင်စိတ်မကူးမိချေ မျက်နှာဝိုင်းဝိုင်းလေးကိုကြည့်ကာ သက်ပြင်းအခါခါချနေမိသည် သူ၏ရည်ရွယ်ချက်ကဒီလူနာကျင်တာကိုမြင်ချင်တာ ခုတော့ဒီလူနာကျင်မှာကိုကြောက်နေမိသလိုမျိုး တစ်စုံတစ်ခုကိုစိုးရိမ်သလို ခံစားချက်တွေကအစဉ်အလွှာမကျစွာ ရူပ်ထွေးလို့နေ၏
ဝရံတာမှဝင်လာတဲ့လေအေးတွေကြောင့် အိပ်စက်နေတဲ့ကိုယ်လေးမှာသူ့အနားသို့ပိုတိုးလို့ဝင်လာသည် တော်ဝင်မျက်မှောင်ကုတ်မိ၏ လေကအေးနေတာပဲ ဒိတိုင်းစင်အိပ်နေရင်အအေးမိကုန်တော့မယ် နောက်နေ့ဂျိတ်ကိုပြောပြီး ဝရံတာအကာလုပ်ခိုင်းရမယ်..
"အင့်....
ဆွဲငင်သံနှင့်အတူ လက်သေးသေးများကိုဆန့်ထုတ်ကာ အကြောဆန့်နေသော လွန်းအား သဘောကျစွာပြုံးရင်းကြည့်နေလိုက်၏
လွန်းကတောမျက်လုံးကိုလက်ဖြင့်ပွတ်ကာ သူ၏တည်နေရာကိုစူးစမ်းချင်နေသလို တော်ဝင်၏ရင်ဘက်ထွားထွားကြီးအား ထိကြည့်တော့"ရဲရဲတင်းတင်းကိုင်လို့ရတယ် "
ဘုတ်!
"ဟားးဟား "
ရင်ဘက်အားလက်ဖြင့်ထုရိုက်တော့ တော်ဝင်ကရယ်၏
"မင်းခုတလောတအားရယ်လာတယ်နော်"
"အင်း..စိတ်ချမ်းသာလို့ဖြစ်မယ် "
ရင်ခွင်ထဲမှမော့ကြည့်တော့ တော်ဝင်ကပြန်လည်ငုတ်ကြည့်လာသည် မျက်နှာနှစ်ခုကြားအကွာအဝေးက တစ်ယောက်အသက်ရှူထုတ်လိုက်တဲ့လေငွေ့ကိုနောက်တယောက်ကခံစားနေမိတဲ့ထိ
" တော်ဝင်
"အင်း..
"ဖွားမေးသတင်းဘာကြားသေးလည်း "
တော်ဝင်မျက်နှာမှာသိသိသာသာပျက်သှဉ်းသွား၏ ပြီးမှ လွန်း၏ဆံပင်များကိုလက်ဖြင့်ဖွကာ ကျီစယ်ရင်း...
YOU ARE READING
My Ex-boyfriend My husband [ Ongoing ]
Fanfictionဒုတိယသိမ်းပိုက်ခြင်းက ခင်ဗျာကိုချစ်လွန်းလို့ပါ Warning❗: ⚠+ အတွေးသက်သက်သာရေးထားသော ဝတ္ထုမို့အပြင်လောကနှင့်ယှဥ်တွဲမမြင်ကြဖို့မေတ္တာရပ်ခံပါတယ်ရှင့် }