အငြိုးဖွဲ့မစီထားသည့် အရိပ်မဲမဲရောင်စဥ်မြန်းနေသည်ထင်ရသော ကောင်းကင်ယံထပ်မှ မိုးဖွဲများက မြေပြင်ဆီသို့ ခစား၏ မနေ့ကနွေးထွေးခဲ့သော လေထုကပင် ယနေမနက်စောစောမှတင်အသည်းခိုက်မတပ်အေးစက်လို့နေပြီး.. တချက်တချက်တိုးဝေ့လာသော လေအေးတို့ကြောင့် စောင်ပုံထဲက လွန်း၏ ကိုယ်လေးမှာတွန့်သွားရ၏ ထိတွေ့ခဲ့သော အနွေးဓာတ်အား ဖမ်းကြည့်မယ်ကြံတော့ အနားတွင် ခိုလှုံသူလှစ်ဟင်းနေပြီးဖြစ်သော ခေါင်းအုံးလေးက သူ့အား လှောင်၏ ခေါင်းအုံးပိုင်ရှင် သို့မဟုတ် သူ့၏ အနွေးဓာတ်လေးကတော့ ရှိမနေပေ..
အိပ်ယာမှထထိုင်တော့ ခါးအောက်ပိုင်းက ဆစ်ခနဲ..
မျက်နှာကိုရှုပ်မဲ့ကာ ညကအဖြစ်ကိုပြန်တွေးမိသည် ညက ညက သူဘာလုပ်ခဲ့တာပါလိမ့်.. ထိုစဥ် မှတ်ဉာဏ်ထဲဝင်လာသည်က နားထင်နားစပ်တွင် ချွေးစတစ်ချို့ခိုတွဲလျက် သူ့အား အပေါ်ကအုပ်မိုးကြည့်နေသူ အံကိုကြိတ်ကာ မဖွယ်ရာစကားများဖြင့် သူ့အား စိတ်လှုပ်ရှားစေသူ ထိုလူက ပုံမှန်ထပ် အိပ်ယာပေါ်တွင် ပို၍ဆွဲဆောင်မူရှိသည်မှာအမှန်.." အားး. ငါဘာတွေ တွေးနေတာလည်း "
ဆံပင်ကြား လက်ချောင်းများထိုးဖွပစ်လိုက်၏
" လွန်းစေရာ မင်းကတော့လေ "
ဘေးရှိတော်ဝင်အိပ်ခဲ့သော ခေါင်းအုံးကို ယူကာ မျက်နှာပေါ်၌အပ်ထားလိုက်တော့ အလွှတ်ရနေသည့် အမွှေးနံသင်းသင်းကြောင့် ပြုံးမိပြန်သည်..
ဘာရေမွှေးသုံးတာလည်း မသိဘူး.. အနံက လုံးဝ ငါ့type ပဲ
တစ်ယောက်ထဲအတွေးများနေတုန်း တခါးဖွင့်သံကြားတာမို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိချေ .. ကန်ပစ်ထားလို့ဘေးတွင်ပုံနေသော စောင်ကိုအမြန်ပြန်ယူကာ ခေါင်းထိခြုံပြီး ပစ်လဲချလိုက်၏
အိပ်နေတယ် ငါအိပ်နေတာမို့ အခန်းထဲမဝင်လာပါနဲ့...
အနားသို့လျှောက်လာနေသည့် ခြေသံကြောင့် ခေါင်းအုံးစအား ဖိချေလို့နေမိ၏ အိကျသွားတဲ့ အိပ်ယာခင်းကြောင့် တော်ဝင်သူ့ဘေးဝင်လာသည်ကို သိလိုက်တော့ စိတ်တွေက မတည်မငြိမ်နဲ့ အောင်သက်သက်ကြီးဖြစ်လာသည် သေချာတာတော့ သဘောမကျလို့မဟုတ်ပေ..
YOU ARE READING
My Ex-boyfriend My husband [ Ongoing ]
Fanfictionဒုတိယသိမ်းပိုက်ခြင်းက ခင်ဗျာကိုချစ်လွန်းလို့ပါ Warning❗: ⚠+ အတွေးသက်သက်သာရေးထားသော ဝတ္ထုမို့အပြင်လောကနှင့်ယှဥ်တွဲမမြင်ကြဖို့မေတ္တာရပ်ခံပါတယ်ရှင့် }