လွန်း လက်ကိုဆွဲကာ ကားဂိုဒေါင်ဘက်မှထွက်လာရင်း အဆောက်ဦးထဲသို့ဝင်လာခဲ့သည် အဝင်ပေါက်တွင် ဝန်ထမ်းနှစ်ယောက်က သူတို့ရှေ့မှာ ပိတ်ရပ်လိုက်ကာ
" ဘယ်သူနဲ့တွေ့ချင်လို့ပါလည်း "
ထိုနှစ်ယောက်ထဲမှ အကောင်သေးသေးမိန်းမတစ်ဦးက တော်ဝင်ကိုကြည့်ကာမေး၏
"မ ကေသွယ်ခိုင် "
"ရှင် "
ဝန်ထမ်းမလေးက သူမနာမည်ကိုအခေါ်ခံလိုက်ရတာကြောင့် အံသြသွားတော့တယ်..လွန်းက သူမရင်ဘက်ပေါ်က ဝန်ထမ်းကတ်ကို မေးငေါ့ပြလိုက်မှ "အော်..."ဟုဆိုကာ ဝိုင်းစက်နေသည့် မျက်ဝန်းတွေမှိတ်ကျသွားတဲ့ထိ ပြုံးပြလာသည်
" မင်း ငါ့ကိုတောင်မသိဘူးလား ဟမ်!
တော်ဝင် ပိတ်ဟောက်လိုက်တာမို့ ထိုဝန်ထမ်းမလေးက အနောက်သို့ပင် ဆုတ်သွား၏ သူမဘေးကတစ်ယောက်ကလည်း မျက်နှာငယ်လေးဖြင့် လွန်းအား အားကိုးလို့ရလိုရများ ကြည့်လာ၏..
" မောင်တော်ဝင်မင်းမောင် ဘာလို့အဲလောက်ထိ အာဏာပြချင်နေရတာလည်း"
" ဘယ်မှာ အာဏာပြလို့လည်းဗျာ "
လွန်းလက်ကိုကိုင်ပြီး လွှဲရမ်းကာ အချွဲကပ်နေသော တော်ဝင်၏ တမျိုးပြောင်းလဲသွားတဲ့အပြုမူကိုကြည့်ကာ ဝန်ထမ်းနှစ်ဦးမှာ တအံတသြ..
" ခင်ဗျာဘာဖြစ်နေတာလည်း ဘေးမာလူတွေနဲ့လေ"
"မောင် ဂရုစိုက်မယ်ထင်နေတာလား..ဟမ်"
မေးစေ့ကို လာပွတ်နေသော တော်ဝင်အားမျက်စောင်းခဲကာကြည့်လိုက်တော့ ရယ်ကာ အရှေ့သို့ပြန်လှည့်သွား၏ ထိုခနလေးတွင်းမှာပင် ရယ်သံကပြန်တိတ်ဆိတ်သွားတော့သည်
"မင်းက ဝန်ထမ်းအသစ်ထင်တယ် "
"ဟုတ်ပါတယ်ရှင့် လူကြီးမင်းတို့ဘာများလိုအပ်
တော်ဝင်က အိတ်ထဲမှ ကတ်ပြား တစ်ခုကိုထုတ်ကာ ဝန်ထမ်းမလေးရှေ့သို့ထောင်ပြလိုက်၏ ထိုကတ်ပြားကိုကြည့်နေသော ကေသွယ်ခိုင် ဆိုနဲ့ မိန်းကလေးကမျက်လုံးလေးပေကပ်ပေကလပ်နှင့်သာ
"ဒီကအစ်ကိုက သူဌေးပြောပြထားတဲ့ တော်ဝင်မင်းမောင် ဆိုတာလားရှင့် "
YOU ARE READING
My Ex-boyfriend My husband [ Ongoing ]
Hayran Kurguဒုတိယသိမ်းပိုက်ခြင်းက ခင်ဗျာကိုချစ်လွန်းလို့ပါ Warning❗: ⚠+ အတွေးသက်သက်သာရေးထားသော ဝတ္ထုမို့အပြင်လောကနှင့်ယှဥ်တွဲမမြင်ကြဖို့မေတ္တာရပ်ခံပါတယ်ရှင့် }