ဘောင်းဘီဒူးပြဲ၊ တီရှပ်ပွပွနှင့် ဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းထားသည်မာ မျက်နှာတဝက်လောက်ကိုပင်ဖုံးလို့နေပြီးဖြစ်သည် ခုသူ၏ပုံက ကမ္ဘာကျော်မင်းသားတစ်ယောက်အပြင်မှာလူတွေမသိအောင်ခိုးdateမဲ့စတိုင်မျိုးပင် ၊ လက်ကနာရီကိုတကြည့်ကြည့်ဖြင့် လူကလည်းဂနာမငြိမ် ထိုင်လိုက်ထလိုက်နှင့်သာ တစ်စုံတစ်ယောက်ကို မျှော်နေသည်ပမာဖြစ်နေသည်၊ ညနေတောင်စောင်းနေပြီး ခုထိမည်သူမှပေါ်မလာ ထိုစဥ် မော်တော်ဆိုင်ကယ်တစီးက သူရှေ့သို့ထိုးရပ်လာသည်
" ဘုန်းသက် မင်းကကြာလိုက်တာကွာ"
ခြေထောက်တဖက်ဖြင့် ဆိုင်ကယ်ကိုလှဲကျမသွားအောင်ထောက်ရင်း ဆိုင်ကယ်ဦးထုပ်အားချွတ်လိုက်၏
" မင်းအိမ်မှာဆိုင်ကယ်ဝင်ယူနေရသေးတယ်လေဟ ဒါတောင်ငါဂျာကြီးအလစ်မှာခိုးထွက်လာရတာ"
အပိုဆောင်ထားနေကျ ဆိုင်ကယ်ဦးထုပ်အား လွန်းဆီပြေးပေးလိုက်ရင်း ဆိုသည် ထိုခါမှ လွန်းက ရယ်ပြီး ဦးထုပ်အားစောင်းလိုက်၏
" ဖေဖေ့သားလေး မတွေ့တာကြာပြီးနော်"
ဆိုင်ကယ်၏အနောက်ခုံဘက်ကိုလက်ဖြင့်အသာပွတ်ကာပြော၏ ထိုတဖျက်မှာ အရင်ကအပူကင်းကင်းလွတ်လပ်ခဲ့တာအားသတိရမိပြန်တော့တယ် ၊
"တက်မာသာတက်စမ်းပါ ငါကညဘက် ကောင်တာပြန်ထိုင်ရအုံးမာ"
ဆိုင်ကယ်နှင့်အလွမ်းသည်နေသော လွန်းအား စိတ်မရှည်စွာဖြင့် အမြန်တက်ရန်လူံ့ဆော်ရသေးသည် မဟုတ်ရင်တော်တော်နဲ့ဆိုင်ကယ်ပေါ်ရောက်မည်မဟုတ်ချေ..
" ခုဘယ်ကိုမောင်းပို့ရမှာလည်း"
" Cake ဆိုင် "
" Cake "
လွန်းစကားကို သံယောင်ပြန်ပြောရင်း ဘုန်းသက် ဦးနှောက်တို့ကိုအလုပ်ပေးလိုက်၏ ဒီနေ့ ဘယ်သူ့မွေးနေ့မို့လည်း ၊
လွန်းအားထပ်မမေးတော့ပဲ Cakeဆိုင်သိူ့သာ မောင်းနှင်လာလိုက်သည် ဆိုင်ရောက်တော့လည်း လွန်းက သေချာကို Cakeကိုမှာနေပြန်သည်၊" ကျွန်တော်ကို အဲ့လိုမျိုးပုံစံတူ နှစ်ခုလုပ်ပေးနော်"
"ဟုတ်ကဲ့ .. တခါတည်းယူသွားမာလားရှင့်
YOU ARE READING
My Ex-boyfriend My husband [ Ongoing ]
Fanfictionဒုတိယသိမ်းပိုက်ခြင်းက ခင်ဗျာကိုချစ်လွန်းလို့ပါ Warning❗: ⚠+ အတွေးသက်သက်သာရေးထားသော ဝတ္ထုမို့အပြင်လောကနှင့်ယှဥ်တွဲမမြင်ကြဖို့မေတ္တာရပ်ခံပါတယ်ရှင့် }