''Wedding Dress''
''မမ customerကfloral dressကိုအသစ်ထပ်ချုပ်ပေးပါတဲ့''
''ဟမ်''
''သူကမင်္ဂလာဝတ်စုံကိုအပိုင်ဝယ်မှာတဲ့ ဒီမှာရှိပြီးသားဝတ်စုံကျတော့လည်းသူကသူများတွေဝတ်ထားပြီးသားမို့မလိုချင်ဘူးတဲ့ သူကဒီဝတ်စုံကိုအရမ်းသဘောကျနေတာ ကိုယ်တိုင်းတွေပါပေးသွားပြီ''
သူမတပည့်မလေးစကားအဆုံးမှာပန်းလေညှင်းဆိုသောသူမမျက်လုံးကမှန်ကောင်တာထဲမှာထည့်ထားသောdressဆီအကြည့်ရောက်သွား၏။
ဒီဝတ်စုံလေးကသူမအစ်မကိုယ်တိုင်သေချာအသေးစိတ်ဒီဇိုင်းဆွဲထားတာကိုသူမကသေချာအချိန်ပေးကာချုပ်ထားသောဝတ်စုံလေးဖြစ်သည်။
ရောင်စုံအစလေးတွေနဲ့ပန်းပွင့်ပုံလေးတွေဖော်ကာဂါဝန်အောက်ဖျားရယ် ရင်ဘတ်ရယ် ပြီးတော့ခါးနားလေးတွေမှာသေသေချာချာအနုစိတ်ချုပ်လုပ်ထားခဲ့တာပါ။ဂါဝန်ကရိုးရှင်းသော်ငြားဆိုင်မှာဝတ်စုံလာငှားကြတဲ့သတို့သမီးလောင်းလေးတွေကထိုဝတ်စုံကိုမျက်စိကျတတ်ကြသည်။ဆယ်ယောက်မှာရှစ်ယောက်လောက်ကဒီဝတ်စုံကိုမရရအောင်ငှားတတ်ကြ၏။
အခုဒီပုံစံမျိုးနောက်တစ်ကြိမ်ထပ်ချုပ်ရမယ်ဆိုတော့သူမလက်တွေကအလိုလိုခြေကုန်လက်ပမ်းကျသလိုခံစားလိုက်ရသည်။
''အင်းလေ လုပ်ပေးတာပေါ့''
''သူက15ရက်အတွင်းအပြီးလိုချင်တာတဲ့''
''ဟမ်! 15ရက်''
''ဟုတ်တယ်မမ မမအဆင်မပြေရင်ငြင်းလိုက်ပါလား''
''ရတယ်ထားလိုက် လက်ခံလိုက်''
''ဖြစ်ပါ့မလားမမရဲ့ မမအဲ့ဝတ်စုံတုန်းကညဉ့်နက်တဲ့ထိချုပ်တာတောင်ရက်20တောင်ကြာတယ်ကို''
''15ရက်အတွင်းကျန်တဲ့5ရက်စာပါအားစိုက်လိုက်မှာပေါ့ အေးဆေးပါ''
''ဟုတ်မမ အဲဒါဆိုသူတို့ကိုလှမ်းအကြောင်းကြားလိုက်တော့မယ်နော်''
''အင်း''
ပြောပြီးတာနဲ့သူမအခန်းထဲဝင်ခဲ့လိုက်၏။ပြီးတာနဲ့ပိုက်ဆံအိတ်ကိုချ အင်္ကျီအပေါ်ထပ်ကိုချွတ်ကာအင်္ကျီချိတ်တဲ့တိုင်လေးမှာချိတ်လိုက်သည်။
YOU ARE READING
လိုချင်တယ်...အချစ် [completed]
RomanceCompleted ဉာဏ်နီဉာဏ်နက်မျိုးစုံသုံးပြီးEXရဲ့ညီမဒီဇိုင်နာမလေးကိုအပိုင်သိမ်းမယ့်လူကြီး