[ကျွန်မအစ်မကိုချစ်နေသေးတာလား]
လူပုံစံကအားနည်းနေတဲ့ခပ်နွမ်းနွမ်းပုံလေးပေမယ့်အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ကာအိမ်ပေါ်မှဆင်းလာတဲ့လေညှင်းအားတမာန်ခေါင်းစခြေဆုံးကြည့်၍
''ဒါကဘယ်လဲ''
''ဆိုင်သွားမလို့လေ''
''ဘာလို့ဆိုင်ကိုသွားဦးမှာလဲ ဘေဘီကမပေါ့မပါးကြီးနဲ့ဆိုတာကိုယ့်ကိုယ်ကိုရောသိရဲ့လား''
''ခုမှသွေးခဲလေးပဲရှိသေးတာကိုဘာဖြစ်နေတာလဲ''
''သွေးခဲလေးမို့လို့ပြောနေရတာပေါ့ဘေဘီရဲ့ အိမ်မှာပဲနေပါ အလုပ်မလုပ်နဲ့တော့''
''အလုပ်မလုပ်လို့ရမလား လုပ်မှာပဲ''
''ဘာလို့အဲလောက်ဆိုးနေတာလဲဘေဘီ''
''ဘာဖြစ်ချင်လဲပြော''
''ဟုတ်ပြီဟုတ်ပြီ အဲဒါဆိုကိုယ်ပါဘေဘီနဲ့အတူလိုက်ခဲ့မယ်''
''ဘာလိုက်လုပ်မှာလဲ ကိုယ့်အလုပ်ကိုသွား''
''ကိုယ့်အလုပ်ကမန်နေဂျာရှိတယ် ဝန်ထမ်းတွေနဲ့လွှဲထားလို့ရတယ် ခဏစောင့် ကိုယ်အင်္ကျီသွားလဲလိုက်ဦးမယ်''
လေညှင်းစူပုပ်ပုပ်နဲ့ဧည့်ခန်းထဲလာကာဆိုဖာမှာဝင်ထိုင်နေလိုက်သည်။
''ဘယ်လိုလူမှန်းကိုမသိဘူး''
ခဏကြာတော့တမာန်ကstyle pantအနက်ရောင်နဲ့တီရှပ်လိမ္မော်ရောင်လေးကိုတွဲဖက်ဝတ်ဆင်ပြီးအိမ်ပေါ်မှဆင်းလာလေ၏။
ခုလိုကျတော့လည်းသူကလူငယ်လေးလို။လေညှင်းကိုယ့်ကိုယ်ကိုပြန်ငုံ့ကြည့်ပြီးတမာန့်ကိုကြည့်ကာ
''ဘာလို့လိမ္မော်ရောင်ဝတ်လာတာလဲ''
''ကြိုက်လို့''
လေညှင်းကအဖြူပေါ်မှာလိမ္မော်ရောင်ပန်းပွင့်လေးတွေပါသောဒူးအထက်မရှိတရှိဂါဝန်လေးဝတ်ထားတာမို့သူလည်းသူမနဲ့အရောင်ဆင်တူဖြစ်အောင်ဝတ်လာခြင်းပင်။
''သွားမယ် ကျွန်မနောက်ကျနေပြီ''
တမာန်ကသူမပုခုံးကိုဖက်ပြီးလက်ကိုလာကိုင်ကာ
![](https://img.wattpad.com/cover/363225589-288-k903503.jpg)
YOU ARE READING
လိုချင်တယ်...အချစ် [completed]
Roman d'amourCompleted ဉာဏ်နီဉာဏ်နက်မျိုးစုံသုံးပြီးEXရဲ့ညီမဒီဇိုင်နာမလေးကိုအပိုင်သိမ်းမယ့်လူကြီး