Part.15

7.9K 148 1
                                    

      [မပွင့်လင်းသောနှုတ်ခမ်းများ]

သုတရှေ့တွင်အစ်မဖြစ်သူမြတ်မင်းမေရောအစ်ကိုဖြစ်သူမင်းမြတ်နဲ့ချယ်ရီရောထိုင်နေကြသည်။

''ငါတို့ကိုပါခေါ်တာဘာပြောစရာရှိလို့လဲ''

သုတလက်နှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ရင်း

''ကျွန်တော် ကောင်မလေးတစ်ယောက်ကိုချစ်မိနေလို့''

''ဟမ် အဲဒါကိုဘာလို့ငါတို့ကိုလာပြောနေတာလဲ အဲ့ကောင်မလေးကိုသွားပြောလေ''

''ကျွန်တော်ချစ်နေတဲ့ကောင်မလေးကရတုပါ''

မင်းမြတ်နဲ့ချယ်ရီတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

''ရတုဆိုတာ မဟုတ်မှ ရတုခင်လား''

''အင်း''

''ဟင်''

မင်းမြတ်ပုံစံကြောင့်မြတ်မင်းမေက

''ဘာလဲ မင်းတို့သိလို့လား''

''အင်း သိတယ် သုတ မမကိုမင်းဆက်ပြောလိုက်လေ''

သုတကဆက်၍

''သူကအရင်ရည်းစားနဲ့ကလေးပျက်ကျထားဖူးတယ်''

''ဟမ် ဘယ်လို''

''ဟုတ်တယ်မမ ဒါပေမယ့်ကျွန်တော်သူ့ကိုအရမ်းချစ်တယ် သူအယုံလွယ်လို့မှားခဲ့ပေမယ့်သူကမိန်းမကောင်းလေးပါ အရမ်းလည်းစိတ်ထားဖြူတယ် ကျွန်တော်သူ့ကိုပဲလက်ထပ်ချင်တယ်မမ''

ထိုအခါချယ်ရီက

''ဟုတ်ပါတယ်မမရယ် ရတုကစိတ်ရင်းလည်းအရမ်းကောင်းပြီးအနေလည်းအေးတယ်''

ချယ်ရီကပါဝင်ပြောတော့မင်းမြတ်လည်းမနေသာတော့ပါ။

''ဟုတ်တယ်မမ သူကအရမ်း''

''ကဲ နေကြပါဦး မင်းတို့အဲလောက်ကာကွယ်နေတဲ့မိန်းကလေးကိုငါ့ဆီခေါ်ခဲ့''

''မမ မမဘာလုပ်မလို့လဲ''

''ငါအကဲခတ်မလို့လေ မင်းတို့ခေတ်ကငါတို့ခေတ်နဲ့မှမတူတော့တာ ခုခေတ်ကြီးမှာvirginကဘဝကြီးမဟုတ်တော့ဘူးမလား ပြီးတော့ကာယကံရှင်မင်းကိုယ်တိုင်ကမြတ်နိုးပါတယ်ချစ်ပါတယ်ဆိုနေမှတော့ မမကဘာဆိုင်လို့ကန့်ကွက်နေရမှာလဲ မင်းနဲ့ပေါင်းရမှာလေ မင်းကျေနပ်ရင်ပြီးတာပဲ ဒါပေမယ့်တစ်ခုပဲ အချိန်ကြာလာလို့မင်းကအဲ့ကိစ္စကိုအမြဲတမ်းအစဖော်ပြီးကောင်မလေးကိုပြဿနာမရှာ ရန်မရှာရဘူးနော် အဲလိုမျိုးတော့မမလက်မခံဘူး စပြီးရင်အဆုံးထိတန်ဖိုးထားပြီးတာဝန်ယူသွား''

လိုချင်တယ်...အချစ် [completed]Where stories live. Discover now