[I Love You baby]
''ဝေဇင်နဲ့ငယ်ငယ် ဆိုင်ကိုသေချာပိတ်ခဲ့နော် မမပြန်တော့မယ် ညီမလေးတို့လည်းစောစောပြန်ကြနော်''
''ဟုတ်မမ''
လေညှင်းလည်းတပည့်မလေးတွေကိုမှာစရာရှိတာမှာပြီးဆိုင်ထဲမှထွက်လာခဲ့လိုက်သည်။
သူမဆိုင်ရှေ့ရောက်တာနဲ့တမာန့်ကားလေးကသူမရှေ့ထိုးရပ်လာပြီးသူကကားပေါ်ကဆင်းလာ၍လေညှင်းထိုင်မယ့်ဘက်အခြမ်းကိုတံခါးဖွင့်ပေးကာ''တက်''
''အချိန်တိကျလှချည်လား''
''ဘေဘီစောင့်နေရမှာစိုးလို့ တက်ပါ''
လေညှင်းကားပေါ်တက်ထိုင်လိုက်တာနဲ့သူကတံခါးကိုပိတ်ပြီးကားမောင်းသူနေရာမှာပြန်လာဝင်ထိုင်၏။
လေညှင်းသူ့ရဲ့လှုပ်ရှားမှုတွေကိုတွေတွေလေးလိုက်ကြည့်နေတာကိုသူကသတိထားမိသွားပြီးမျက်မှန်ကိုအသာပင့်တင်၍လေညှင်းကိုလှည့်ကြည့်ကာ
''ကိုယ်အရမ်းစမတ်ကျနေလို့လား''
''ရူး ရူးနေလား''
သူမရှက်ရမ်းရမ်းကာကားခါးပတ်ပတ်ဖို့ခါးပတ်ကြိုးကိုဆွဲယူလိုက်၏။
သို့သော်ကြိုးကဆွဲမရ။''ဘာလဲဟ''
တမာန်ကခပ်ပြေပြေပြုံးရင်းခန္ဓာကိုယ်ကိုသူမဘက်ကိုင်းလာကာ ကားခါးပတ်ကြိုးကိုဆွဲယူ၍သူမကိုပတ်ပေးလိုက်၏။
လေညှင်းအနီးကပ်မြင်နေရသောသူ့မျက်နှာကမျက်တောင်မခတ်တမ်းကြည့်နေမိသည်။
လေးထောင့်မကျတကျမျက်နှာနဲ့မဲနက်နက်မျက်ခုံးတွေရယ် မျက်မှန်အောက်ကစူးရှရှမျက်လုံးအစုံရယ် နှာတံချွန်ချွန်နဲ့ယောကျ်ားတန်မဲ့နီရဲနေသောနှုတ်ခမ်းအစုံပေါင်းလိုက်ရင်သူကတော်တော်လေးချောတယ်ပြောရမည်။
ပြီးတော့သူ့ဆီကပျံ့လွင့်နေတဲ့ဆွဲဆောင်မှုရှိပြီးယောကျ်ားပီသသောအမွှေးနံ့တစ်ခုကလည်းသူမနှာခေါင်းမှတစ်ဆင့်နှလုံးသားထဲစီးဝင်သွားပြီးရုတ်တရက်လှုပ်ခတ်တုန်ခါသွားသလို။''ဘေဘီဒီနေ့အဆင်ပြေလား''
သူမဆီကစကားပြန်မရတာကြောင့်တမာန်သူမကိုကြည့်လိုက်တော့သူမကပါးမို့လေးနှစ်ဖက်နီရဲပြီးမဲနက်နေသောမျက်လုံးဝိုင်းလေးတွေနဲ့သူ့အားစိုက်ကြည့်နေလေသည်။
![](https://img.wattpad.com/cover/363225589-288-k903503.jpg)
YOU ARE READING
လိုချင်တယ်...အချစ် [completed]
RomanceCompleted ဉာဏ်နီဉာဏ်နက်မျိုးစုံသုံးပြီးEXရဲ့ညီမဒီဇိုင်နာမလေးကိုအပိုင်သိမ်းမယ့်လူကြီး